DVB Logo
Home
အားကစား
ကန်တေကိုခေါ်ယူရန် ပေါင် ၁၅ သန်းဖြင့် ဝက်စ်ဟမ်းအသင်း ကမ်းလှမ်းမှု ပယ်ချခံရ
DVB
·
July 22, 2024
ကန်တေကိုခေါ်ယူရန် ပေါင် ၁၅ သန်းဖြင့် ဝက်စ်ဟမ်းအသင်း ကမ်းလှမ်းမှု ပယ်ချခံရ
Donate to DVB

ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလိုကန်တေအတွက် ပေါင် ၁၅ သန်းနဲ့ တရားဝင်ကမ်းလှမ်းခဲ့ပေမဲ့ ဆော်ဒီကလပ်ဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကန်တေဟာ မနှစ်ကရာသီကမှ ချဲလ်ဆီးကနေ အယ်လ်အစ်တီဟတ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့သူပါ။

အယ်လ်အစ်တီဟတ်အသင်းဟာ ကန်တေကိုရောင်းချဖို့ စိတ်ကူးမရှိပေမဲ့ ပေါင် ၂၅ သန်း ပေးမယ်ဆိုရင်တော့ လက်ခံစဉ်းစားမှာဖြစ်ကြောင်း The Athletic သတင်းမှာ ဖော်ပြပါတယ်။

ကန်တေဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံဆုတွေ ရယူနိုင်ခဲ့ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013