DVB Logo
Home
အားကစား
ပါရီအိုလံပစ်တွင် အောင်မြင်မှုရရန် ဂျာမန်အမြန်ဆုံးအပြေးသမား ပြင်ဆင်
DVB
·
July 21, 2024
ပါရီအိုလံပစ်တွင် အောင်မြင်မှုရရန် ဂျာမန်အမြန်ဆုံးအပြေးသမား ပြင်ဆင်
Donate to DVB

ဂျာမန်အမြန်ဆုံး အပြေးသမား အိုဝင်အန်ဆာဟာ အိုလံပစ်ပြိုင်ပွဲတွင် အောင်မြင်မှုရဖို့ ပြင်ဆင်နေပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ အိုဝင်အန်ဆာဟာ မီတာ ၁၀၀ တာတိုပြေးပြိုင်ပွဲမှာ ၉ ဒသမ ၉၉ စက္ကန့်နဲ့ ဂျာမန်အမြန်ဆုံး အပြေးသမား ဖြစ်လာပါတယ်။

ဂျာမနီတာတိုပြေးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ အိုဝင်အန်ဆာဟာ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရတာ ဖြစ်ပါတယ်။

အိုဝင်အန်ဆာဟာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဂျာမနီအသင်းနဲ့အတူ လိုက်ပါခွင့်ရခဲ့ပေမဲ့ မယှဉ်ပြိုင်ခဲ့ရတာကြောင့် ပါရီအိုလံပစ်ပြိုင်ပွဲဟာ သူ့အတွက် ပထမဆုံးအိုလံပစ်ပြိုင်ပွဲ ဖြစ်လာမှာပါ။

အိုလံပစ်ပြိုင်ပွဲကိုလည်း စိတ်လှုပ်ရှားမှုမဖြစ်အောင် သာမန်ပြိုင်ပွဲတပွဲလိုပဲ အာရုံစိုက်သွားမယ်လို့ အိုဝင်အန်ဆာက ဆိုပါတယ်။

အိုလံပစ်ပြိုင်ပွဲမှာ အနည်းဆုံး ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ဖို့ အိုဝင်အန်ဆာက ပစ်မှတ်ထားနေပြီး သူ့ရဲ့ အပြေးစံချိန်တွေကိုလည်း တိုးမြှင့်သွားဖို့ ဆန္ဒရှိနေပါတယ်။

အိုဝင်အန်ဆာဟာ ၂၀၁၄ ခုနှစ်မှာ ဟမ်းဘတ်မှာ အပြေးသမားဘဝ စတင်ခဲ့ပြီး ၂၀၂၁ မီတာ ၂၀၀ ပြိုင်ပွဲမှာ ၂၀ ဒသမ ၈၉ စက္ကန့်နဲ့ပန်းဝင်ခဲ့လို့  နာမည်ကြီးလာသူ ဖြစ်ပါတယ်။ 

အိုဝင်အန်ဆာဟာ ၂၀၂၂ လိုက်ဇစ်မှာ ကျင်းပတဲ့ မီတာ ၂၀၀ ရုံတွင်းပြိုင်ပွဲမှာလည်း ဗိုလ်စွဲပြီး ဂျာမနီချန်ပီယံဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ဘာလင်မှာ ပြုလုပ်တဲ့ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ ပြိုင်ပွဲတွေမှာလည်း အိုဝင်အန်ဆာပဲ ဗိုလ်စွဲခဲ့ပြီး ၂၀၂၄ ဂျာမနီ ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ၁၀ စက္ကန့်အတွင်း ပန်းဝင်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ဂျာမန်အမြန်ဆုံး အပြေးသမားဖြစ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013