DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာကို ဒရုန်းအစိတ်အပိုင်းများ ရောင်းချခဲ့သူ ၄ ဦးအား စပိန်နှင့် ဂျာမနီတွင် ဖမ်းဆီး
DVB
·
July 19, 2024
ဟစ်ဇ်ဘိုလာကို ဒရုန်းအစိတ်အပိုင်းများ ရောင်းချခဲ့သူ ၄ ဦးအား စပိန်နှင့် ဂျာမနီတွင် ဖမ်းဆီး
Donate to DVB

စပိန်နဲ့ ဂျာမန် ရဲတပ်ဖွဲ့တို့ဟာ လက်ဘနွန်ရှိ အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာဆီ ဒရုန်းအစိတ်အပိုင်းတွေ ရောင်းချမှုကို စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်း အဖြစ် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး သူတို့တွေဟာ စပိန်မှာ ၃ ဦးနဲ့ ဂျာမနီက ၁ ဦး တို့ဖြစ်ကြောင်း စပိန်ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီစုံစမ်းစစ်ဆေးမှုကို စပိန်နိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းတွေကို သယ်ဆောင်နိုင်တဲ့ စစ်သုံးဒရုန်းတွေအတွက် ပစ္စည်းကိရိယာ အစိတ်အပိုင်းတွေကို ပမာဏ အမြောက်အမြား ရောင်းဝယ်ဖောက်ကားနေတဲ့ လက်ဘနွန်နွယ်ဖွား နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ စပိန်ကုမ္ပဏီတွေကို ရဲအရာရှိတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဥရောပအတွင်း ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ကုန်သွယ်မှု အသေးစိတ် အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာထားတဲ့ စာရွက်စာတမ်းတွေအပေါ် အခြေခံလိုက်ရင် ဒီအစိတ်အပိုင်းတွေကို အသုံးပြုပြီး ဟစ်ဇ်ဘိုလာဟာ ဒရုန်းအစင်း ၁၀၀ သို့မဟုတ် ၁,၀၀၀ လောက်ကို တပ်ဆင်နိုင်ခဲ့ကြောင်း စပိန်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးနေချိန်အတွင်း နောက်ထပ် ဒရုန်းအစိတ်အပိုင်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ထောက်လှမ်းရ၊ ရပ်တန့်ရ ခက်တဲ့ အပေါ့စားလေယာဉ်ဟာ ကီလိုဂရမ်များစွာ လေးလံတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တင်ဆောင်ပြီး အစ္စရေးနိုင်ငံအတွင်းကို ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဟစ်ဇ်ဘိုလာရဲ့ မဟာမိတ် ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်း နယ်စပ်အသိုင်းအဝိုင်းတွေကို တိုက်ခိုက်ခဲ့လို့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ထိုးစစ်တွေ စတင်ခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာက ပါလက်စတိုင်းဘက်ကို ထောက်ခံကြောင်း ကြေညာခဲ့ပြီး မကြာခင်မှာပဲ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရိုက်တာ မှတ်တမ်းတွေအရ လက်ဘနွန်မှာ တိုက်ပွဲတွေကြောင့် အရပ်သား ၁၀၀ ကျော်နဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၃၀၀ ကျော် သေဆုံးခဲ့ပြီး လက်ဘနွန်နယ်စပ်မြို့တွေနဲ့ ကျေးရွာတွေမှာ ၂၀၀၆ ခုနှစ် အစ္စရေး-လက်ဘနွန် စစ်ပွဲကတည်းက မတွေ့ရဘူးသေးတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013