အာဂျင်တီးနားက အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲတက်
DVB
·
July 16, 2026
1 / 13
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အင်္ဂလန်အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အတ်တလန်တာ အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ အာဂျင်တီးနားအသင်းက ၁ ဂိုးရှုံးနေရာကနေ မာတီနက်ဇ်နဲ့ ဖာနန်ဒက်စ်တို့က နောက်ကျဂိုးတွေ ပြန်သွင်းယူကာ အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။










