DVB Logo
Home
အားကစား
ဘလွန်းဒီအောဆုရနိုင်သူများတွင်  ဗင်နီဆီးယက်နှင့် ရိုဒရီတို့ ထိပ်ဆုံးပါဝင်
DVB
·
July 17, 2024
ဘလွန်းဒီအောဆုရနိုင်သူများတွင်  ဗင်နီဆီးယက်နှင့် ရိုဒရီတို့ ထိပ်ဆုံးပါဝင်
Donate to DVB

၂၀၂၄ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရရှိနိုင်တဲ့ ကစားသမား စာရင်းမှာ ဗင်နီဆီးယက်နဲ့ ရိုဒရီတို့ ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။

ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့တဲ့ ဘလွန်းဒီအောဆုရနိုင်တဲ့ ကစားသမား ၁၀ ဦး စာရင်းမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား ဗင်နီဆီးယက်က နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပြီး စပိန်နဲ့ မန်စီးတီး ကွင်းလယ်လူရိုဒရီက ဒုတိယနေရာမှာရပ်တည်ခဲ့တာပါ။

ဗင်နီဆီးယက်ဟာ  ဘရာဇီးအသင်းနဲ့ ကိုပါအမေရိကဖလားမှာ အောင်မြင်မှုမရခဲ့ပေမဲ့ မက်ဒရစ်နဲ့ အတူ ဥရောပချန်ပီယံလိဂ်အပြင် စပိန် လာလီဂါချန်ပီယံဆုနဲ့ စူပါဖလားတွေရယူနိုင်ခဲ့သူပါ။

ရိုဒရီကတော့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ဆုဖလား ရခဲ့ပြီး စပိန်အသင်းနဲ့ ယူရိုချန်ပီယံဆုဖလား ရခဲ့သူပါ။

တခြားကစားသမားတွေထဲမှာ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်ကစားသမား ဘယ်လင်ဂမ်၊ စပိန်နဲ့ မက်ဒရစ်နောက်ခံလူ ကာဗာဟယ်၊ ဘာစီလိုနာနဲ့ စပိန်လူငယ်ကြယ်ပွင့် လာမိန်းယာမဲလ်တို့က ထိပ်ဆုံး ၅ ဦးစာရင်းမှာပါဝင်ပါတယ်။

အဲဒီနောက် မက်ဆီ၊ အမ်ဘာပေ၊ ဖိုဒမ်၊ ဟာလန်းနဲ့  တိုနီခရူးစ်တို့က ထိပ်ဆုံး ၁၀ ဦး စာရင်းမှာ အစဉ်လိုက်ပါဝင်ခဲ့ကြပါတယ်။ 

စပိန်ကွင်းလယ်ကစားသမားရိုဒရီကတော့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို စပိန်ကစားသမားတွေရရှိဖို့ ထိုက်တန် တယ်လို့ ပြောသွားပါတယ်။

စပိန်အသင်းဟာ ယူရို ၂၀၂၄ မှာ ချန်ပီယံဖြစ်ခဲ့သလို စပိန်ကလပ်ရီးရဲလ်မက်ဒရစ်ကလည်း ဥရောပချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ခဲ့တာပါ။

စပိန်ကစားသမားတွေဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို  ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း တကြိမ်တခါမှ ရယူနိုင်ခြင်း မရှိတော့တာပါ။

လက်ရှိအချိန်မှာတော့ ဘလွန်းဒီအောဆုကို စပိန်ကစားသမားတဦးဦးက  ရယူဖို့ ထိုက်တန်တယ်လို့ ရိုဒရီကပြောခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ဘလွန်းဒီအောဆုကို စပိန်လာလီဂါမှာကစားနေတဲ့ ကစားသမားတွေ အများဆုံးရရှိခဲ့ကြပေမဲ့ စပိန်ကစားသမားတဦးမှ မရရှိခဲ့ပါဘူး။

စပိန်ကစားသမား ဘယ်သူပဲရရှိသည်ဖြစ်စေ ထိုက်တန်ပြီး ချန်ပီယံလိဂ်ဆုဖလားရတဲ့က စားသမားဆိုရင် နောက်ခံလူ ကာဗာဟယ်နဲ့လည်း ထိုက်တန်ကြောင်း ရိုဒရီက ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013