DVB Logo
Home
မြန်မာသတင်း
တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကာလ လားရှိုးထိုးစစ် MNDAA ယာယီရပ်နား 
DVB
·
July 15, 2024
တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကာလ လားရှိုးထိုးစစ် MNDAA ယာယီရပ်နား 
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနဲ့ အနီးဝန်းကျင်က  MNDAA ကိုးကန့်တပ်ဖွဲ့တွေရဲ့ ထိုးစစ် ၄ ရက်ကြာ ယာယီရပ်နားမှာ ဖြစ်ကြောင်း ဇူလိုင် ၁၄ ရက် ရက်စွဲနဲ့ MNDAA စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၄ ရက်ည ၁၂ နာရီကနေ ဇူလိုင် ၁၈  ရက် ည ၁၂ နာရီထိ လားရှိုးမြို့တဝိုက် MNDAA ရဲ့ ထိုးစစ်ယာယီ ရပ်နားကြောင်း ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

ဒေသခံ အမျိုးသားတဦးက "ကိုးကန့်တွေ ၄ ရက်လောက် တိုက်ပွဲနားဖို့ ပြောနေတယ်။ စစ်ရေး အခြေအနေက အချိန်မရွေး ပြောင်းလဲ သွားတတ်ပါတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံမှာ ဇူလိုင် ၁၄ ရက်ကနေ ဇူလိုင် ၁၈ ရက်အထိ အာဏာရ ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပဖို့ရှိနေလို့ စစ်ဆင်ရေး ယာယီရပ်ဆိုင်းရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို့ စစ်ဆင်ရေး ရပ်ဆိုင်းရတာဟာ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကို တုံ့ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

အဓိက MNDAA ဘက်က ထိုးစစ် ရပ်ဆိုင်းဖို့၊ လက်ရှိနေရာမှာ ခံစစ်ပြင်ဆင်ထားဖို့၊ ရန်သူဘက်က တိုက်ခိုက်ခံရပါက တန်ပြန် ခုခံတိုက်ခိုက်ပိုင်ခွင့် ရှိကြောင်းနဲ့ နယ်ပယ်ဒေသ အသီးသီးက MNDAA တပ်ဖွဲ့ဝင်တွေအနေနဲ့ အရာရှိတွေရဲ့ ညွှန်ကြားချက်တွေကို လိုက်နာရမယ်လို့ ထုတ်ပြန်စာမှာ ပါရှိပါတယ်။

၄ ရက်ကြာ စစ်ဆင်ရေးရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ထားပေမယ့် ဇူလိုင် ၁၄ ရက်ညပိုင်းအထိ လားရှိုးမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၃ ရက်ကစပြီး  MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေဟာ လားရှိုးနဲ့ အနီးဝန်းကျင်တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကာလအတွင်း ဒေသခံ အရပ်သားပြည်သူ အများအပြား သေဆုံး၊ ဒဏ်ရာရကာ နေအိမ် အများအပြား ထိခုက်ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013