DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ဆေးဝါးအကူလိုအပ်
DVB
·
July 14, 2024
ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ဆေးဝါးအကူလိုအပ်
Donate to DVB

ချင်းပြည်နယ်တောင်ပိုင်းမှာ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် ရဲဘော်တွေအတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ မင်းတပ် ပအဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင် ပူးပေါင်းစစ်ဆင်ရေးရဲ့အောင်ပွဲဖြစ်တဲ့ မတူပီမြို့သိမ်းတိုက်ပွဲပြီးတဲ့နောက် ချင်းပြည်နယ်တောင်ပိုင်းအပါအဝင် နယ်မြေခြင်းထိစပ်နေတဲ့ နေရာတွေမှာပါ တလှိုင်းပြီးတလှိုင်း ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေပြီး ရဲဘော်တွေနဲ့ ပြည်သူတွေအတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

“တလှိုင်းပြီး တလှိုင်းဆိုတာက ဘယ်လိုပြောမလဲ၊ သတင်းစာရှင်းလင်းပွဲမှာရော၊ မီဒီယာတွေမှာရော ၂၀၂၄ ခုမှာ ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ရမယ်ဆိုတဲ့သဘောပေါ့။ ကျင်ဒွေးမှာစတယ်၊ တီးတိန်မှာစတယ်၊ မတူပီမှာ စတယ်၊ နောက်ထပ်တိုက်ပွဲတွေ လာဦးမှာပဲ” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ မကွေး၊ စစ်ကိုင်းတို့မှာလည်း အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဘုံရန်သူ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တသားတဲ့ဖြစ်တဲ့ သဘောကိုလည်း ဆောင်တယ်လို့ သူက ဆက်ပြောပါတယ်။

မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးတဲ့နောက် စစ်ကောင်စီဟာ မင်းတပ်မြို့ကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ပြီး လေကြောင်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို နေ့စဉ်ပြုလုပ်နေပြီး အဲ့ဒီလိုအခြေအနေကြားက ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတာကြောင့် လက်ရှိမှာ လိုအပ်နေတဲ့ ဆေးဝါးပစ္စည်းတွေကို ဖြည့်တင်းဖို့ “အာရောဂျံ” ပရောဂျက်ကို ပြုလုပ်နေပါတယ်။

“လိုအပ်ချက်တွေကတော့များပါတယ်။ အဓိကကတော့ သွေးထွက်ဒဏ်ရာရတဲ့ ရဲဘော်တွေ၊ လူနာတွေအတွက် Elastic Bandage တွေလိုပါတယ်။ ပြည်သူတွေလည်းဖြစ်နိုင်တယ်။ လက်နက်ကြီး၊ လေယာဉ်နဲ့ဗုံးကြဲခံရတာလည်းရှိတာကြောင့် ထရော်မာနဲ့ပတ်သက်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ အများဆုံးလိုတာပေါ့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

အာရောဂျံပရောဂျက်ကနေ Elastic Bandage အခု ၃၀၀၀ အတွက် လှူဒါန်းပေးဖို့ဖိတ်ခေါ်ထားပြီး တခုကို ကျပ် ၂၅၀၀ ကနေ ၃၀၀၀ တန်ကြေးရှိပြီး အဲ့ဒီ ပတ်တီးတွေဟာ သွေးဆက်မထွက်အောင်၊ တတ်နိုင်သမျှ သွေးထွက်နည်းအောင် စည်းနိုင်တဲ့ပတ်တီးတွေ ဖြစ်ပါတယ်။

ချင်းညီနောင်တပ်ဖွဲ့အနေနဲ့ မတူပီမြို့ကို ဇွန် ၉ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၂၉ ရက်မှာ ဗျူဟာကုန်းအပါအဝင် လက်ကျန်စစ်စခန်းတွေကို တိုက်ခိုက်ပြီး မတူပီမြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013