DVB Logo
Home
အားကစား
ဆုဖလားမရဖူးတာက ရအောင်လုပ်ဆောင်ရန် တွန်းအားဖြစ်စေဟု ဟယ်ရီကိန်းပြော
DVB
·
July 14, 2024
ဆုဖလားမရဖူးတာက ရအောင်လုပ်ဆောင်ရန် တွန်းအားဖြစ်စေဟု ဟယ်ရီကိန်းပြော
Donate to DVB

ကစားသမားဘဝသက်တမ်းတလျှောက် ချန်ပီယံဆုဖလား တကြိမ်မှ မရရှိခဲ့ဖူးတာက ရရှိအောင်လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုပိုရှိစေကြောင်း အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောပါတယ်။

ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့ အင်္ဂလန်အသင်းတွေမှာ ချန်ပီယံလိဂ်နဲ့ ယူရိုဗိုလ်လုပွဲစဉ်တွေ ကစားခဲ့ဖူးပေမဲ့ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရသလို မနှစ်က ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ကစားရာမှာလည်း ဆုဖလားရယူနိုင်ခြင်း မရှိခဲ့သူပါ။

အဲဒီလို ဆုဖလားမရရှိဖူးတာက ရရှိအောင်လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု ပိုရှိစေတယ်လို့ ယူရိုဗိုလ်လုပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဟယ်ရီကိန်းက ပြောပါတယ်။

ကစားသမားဘဝမှာ ဆုဖလား မရဖူးသေးတာကို ပြောင်းလဲနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ပြီး ကစားသမားဘဝရဲ့ အထူးခြားဆုံးညချမ်း ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013