DVB Logo
Home
နိုင်ငံတကာ
အတိုက်အခံ ကိုယ်စားလှယ်လောင်းကို ဧည့်ဝတ်ပြုခဲ့သည့် ဗင်နီဇွဲလား စီးပွားရေးလုပ်ငန်းရှင် ဖမ်းဆီးခံရ
DVB
·
July 14, 2024
အတိုက်အခံ ကိုယ်စားလှယ်လောင်းကို ဧည့်ဝတ်ပြုခဲ့သည့် ဗင်နီဇွဲလား စီးပွားရေးလုပ်ငန်းရှင် ဖမ်းဆီးခံရ
Donate to DVB

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာမာချာဒိုရဲ့ မကြာသေးခင်က ခရီးစဉ်အတွင်း မာချာဒိုကို တည်းခိုဖို့ ကမ်းလှမ်းခဲ့တဲ့ စီးပွားရေးသမားတဦးကို ဖမ်းဆီးခဲ့ကြောင်း ဗင်နီဇွဲလား ရှေ့နေချုပ်ရုံးက  ဇူလိုင် ၁၂ ရက်မှာ ကြေညာခဲ့ပြီး ဖမ်းဆီးခံရသူဟာ နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားစနစ်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့ကြောင်းလည်း စွပ်စွဲထားပါတယ်။ 

အာဏာပိုင်တွေဟာ သတ္တုလုပ်ငန်းရှင် ရီကာဒိုအလ်ဘာစေတေကို ကြာသပတေးနေ့က ကရာကာ့စ်မှာ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရှေ့နေချုပ်တာရက်ခ်ဆာ့ဘ်က ပြောပါတယ်။

အလ်ဘာစေတေကို တရားမဝင် သွားလာမှုနဲ့ နိုင်ငံတော် အရင်းအမြစ်များ ရောင်းဝယ်ဖောက်ကားမှု၊ ရာဇ၀တ်မှုတွေကို ကျူးလွန်ဖို့ အသင်းဖွဲ့မှု စတဲ့ ရာဇဝတ်မှုတွေအတွက် စွဲချက်တင်ခံရမှာဖြစ်တယ်လို့ ရှေ့နေချုပ်ဆာ့ဘ်က ပြောဆိုပါတယ်။

ပူးပေါင်းကြံစည်မှုတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်ကြောင်းသူက ဆိုပါတယ်။ ဖမ်းဆီးခံရသူဆီမှာ လျှပ်စစ်ထရန်စဖော်မာ အလုံး ၂၀ နဲ့ ၅၀၀ ကီလိုဂရမ်လောက်ရှိတဲ့ ဗို့အားမြင့်ကြိုးတွေလိုမျိုး နိုင်ငံပိုင် လျှပ်စစ်ကုမ္ပဏီ ကော်ပိုအီလက် ပိုင်ဆိုင်တဲ့ ဗျူဟာမြောက်ပစ္စည်းတွေကို လက်ဝယ်တွေ့ရှိထားတယ်လို့ ထိပ်တန်းအရာရှိက ပြောပါတယ်။

တာ့ချီရာပြည်နယ်ရှိ အလ်ဘာစေတေရဲ့ ကုမ္ပဏီဟာ သတ္တုစပရိန်တွေ ထုတ်လုပ်တဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဇူလိုင် ၂၈ ရက် သမ္မတရွေးကောက်ပွဲကို ဦးဆောင်နေတဲ့ အတိုက်အခံ ခေါင်းဆောင် မာချာဒိုဟာ အိမ်နီးချင်း ကိုလံဘီယာနိုင်ငံအနီးက တာ့ချီရာပြည်နယ်ကို သွားရောက်ခဲ့ချိန်မှာ အလ်ဘာစေတေက သူ့အိမ်မှာ တည်းခိုနေထိုင်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး အဲဒီခရီးစဉ်အပြီးမှာ အခုလို ဖမ်းဆီးခံရတာလို့ အလ်ဘာစေတေရဲ့ ရှေ့နေက ပြောပါတယ်။ 

အခုနှစ်စပိုင်းကတည်းက ခေါင်းဆောင်တွေနဲ့ နောက်လိုက်နောက်ပါ အပေါင်းအဖော်တွေ ၃၇ ဦးထက်မနည်း ဖမ်းဆီးခံရမှုတွေအပြင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း အတိုက်အခံအဖွဲ့ဝင်တွေ တည်းခိုနေထိုင် စားသောက်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံ ဒါဇင်ဝက်ထက်မနည်းကို ပိတ်ပစ်ခဲ့တာတွေကို အတိုက်အခံတွေက ရှုတ်ချခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013