DVB Logo
Home
မြန်မာသတင်း
KNU နယ်မြေ၌ ၆ လအတွင်း လူ့အခွင့်အရေး အကြိမ် ၂၀၀၀ ကျော် စစ်ကောင်စီချိုးဖောက်
DVB
·
July 13, 2024
KNU နယ်မြေ၌ ၆ လအတွင်း လူ့အခွင့်အရေး အကြိမ် ၂၀၀၀ ကျော် စစ်ကောင်စီချိုးဖောက်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်မှုနယ်မြေအတွင်းမှာ စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်အထိ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂,၀၀၀ ကျော်  ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၁၃၄ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ဒီ ၆ လအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၁၃၄ ယောက် သေဆုံး၊ ၄၃၉ ယောက် ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ၉၆ ယောက် ရှိပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၂၃၀၃ ကြိမ်ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်တာ၊ မြေမြှုပ်မိုင်းတွေထောင်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေပါဝင်ပြီး ၆ လအတွင်း အများဆုံးလူ့အခွင့်အရေးချိုးဖောက်မှုကတော့ လက်နက်ကြီးပစ်ခတ်မှုဖြစ်ပြီး  ၁၂၄၉ ကြိမ်အထိ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အရင်က ဒရုန်းအသုံးပြုတိုက်ခိုက်တာ မရှိခဲ့ပေမယ့် ၂၀၂၄ ခုနှစ်အတွင်း ဒရုန်းအသုံးပြု တိုက်ခိုက်လာခဲ့ပြီး KNU အုပ်ချုပ်မှုနယ်မြေမှာ  ၆ လအတွင်း ဒရုန်းနဲ့ပစ်ခတ်တိုက်မှု ၁၀၆ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီကြောင့် ၆ လအတွင်း အဆောက်အအုံ ၁၁၈၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အဲဒီ ပျက်စီးမှုတွေထဲမှာ ဘာသာရေးအဆောက်အအုံ ၂၉ ခု၊ စာသင်ကျောင်း ၁၄ ကျောင်းနမဲ့ ကျန်းမာရေးအဆောက်အအုံ ၄ ခုတို့ ပါဝင်ပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက KNU နယ်‌မြေအတွင်းမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လက်နက်ကြီး၊ လေကြောင်းရန်ကြောင့် လူ ၁၂ သိန်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး တပ်မဟာ ၃ ညောင်လေးပင်ခရိုင်က လူ ၄ သိန်းကျော် စစ်ဘေး‌တိမ်းရှောင်ခဲ့ရတယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီစာရင်းအချက်အလက်တွေအရ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တနှစ်ထက်တနှစ် ပိုများလာပြီး ထိခိုက်ပျက်စီးမှုတွေလည်း ပိုတိုးလာသလို မြေပြင်မှာ စာရင်းကောက်ယူလို့ မရနိုင်တဲ့နေရာတွေလည်း ရှိသေးတာကြောင့် အမှန်တကယ် ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေဟာ အခုထက်ပိုများနိုင်တယ်လို့ KNU က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013