DVB Logo
Home
နိုင်ငံတကာ
CNN က ဝန်ထမ်း ၁၀၀ ကို အလုပ်ထုတ်ပြီး  ငွေပေးဖတ်ရသည့် ဝက်ဘ်ဆိုက်ပုံစံ ပြောင်းမည်
DVB
·
July 11, 2024
CNN က ဝန်ထမ်း ၁၀၀ ကို အလုပ်ထုတ်ပြီး  ငွေပေးဖတ်ရသည့် ဝက်ဘ်ဆိုက်ပုံစံ ပြောင်းမည်
Donate to DVB

CNN သတင်းဌာနဟာ အလုပ်သမား ၁၀၀ လောက်ကို အလုပ်ကနေ ထုတ်ပြီး ငွေပေးဖတ်ရတဲ့ ဝက်ဘ်ဆိုက်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။

CNN ဟာ ဒီနှစ်မကုန်မီ ပထမဆုံး ဒီဂျစ်တယ်စနစ်ကို စတင်အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတာပါ။

CNN မှာ အလုပ်သမား ၃,၅၀၀ ခန့်ရှိပြီး ၁၀၀ လောက်ကို အလုပ်ထုတ်ကာ ဒီဂျစ်တယ်က တဆင့် ဝင်ငွေရတဲ့ပုံစံကို သွားမယ်လို့ စီအီးအို မာ့ခ်သွမ်ဆင်က ဝန်ထမ်းတွေကို စာတိုပေးပို့ခဲ့ပါတယ်။

CNN ဟာ စာဖတ်ပရိသတ် တိုးပွားမှုနဲ့ ဝင်ငွေမကောင်းမှုတို့ကြောင့် ရုန်းကန်နေရတဲ့ မီဒီယာအဖွဲ့အစည်းဖြစ်ပြီး စီးပွားရေးအရ အောင်မြင်မှုရအောင် ကြိုးစားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ရဲ့ အားကောင်းတဲ့ ဂျာနယ်လစ်အရည်အသွေးကို ထိန်းသိမ်းဖို့လိုပြီး စီးပွားရေးလုပ်ငန်းတခုအဖြစ် အောင်မြင်ဖို့လည်း လိုတယ်” လို့ သွမ်ဆင်က ပြောပါတယ်။

ဒီဂျစ်တယ်နည်းဗျူဟာက ရည်ရွယ်ထားတဲ့ ဝင်ငွေနဲ့ စာဖတ်ပရိသတ်တွေရဖို့ လုံလောက်တယ်လို့လည်း သူကဆိုပါတယ်။

သွမ်ဆင်ဟာ BBC သတင်းဌာနနဲ့  The New York Times သတင်းစာတို့မှာ အမှုဆောင်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၃ ဩဂုတ်လမှာ CNN ရဲ့ စီအီးအိုတာဝန် ယူခဲ့သူဖြစ်ပါတယ်။

CNN ဟာ သတင်းတွေ၊ သုံးသပ်ချက်တွေနဲ့ သတင်းအကြောင်းအရာတွေကို လစဉ်ပေး၊ နှစ်စဉ်ပေးတွေနဲ့ CNN.com ဝက်ဘ်ဆိုက်ကနေ ဝင်ငွေရဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

CNN ဟာ စာသားနဲ့ ဖော်ပြတဲ့ သတင်းတွေကို အဓိကထုတ်လုပ်ခဲ့ပြီး ဗီဒီယိုသတင်းတွေလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

CNN ဟာ သတင်းတွေအပြင် Lifestyle နဲ့ Feature တွေပါ ပရိသတ်တွေအတွက် ဖန်တီးသွားမှာ ဖြစ်ပါတယ်။

ဝင်ငွေတိုးတက်အောင် စပွန်ဆာတွေ၊ ကြော်ငြာအသစ်တွေနဲ့ ဖတ်ရှုသူဆီက တိုက်ရိုက်ဝင်ငွေရရှိတဲ့ စနစ်တို့ကို အသုံးပြုမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် AI ကို အသုံးပြုပြီး သတင်းတွေကို ဖန်တီးသွားဖို့လည်း ရည်ရွယ်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013