DVB Logo
Home
အားကစား
ပြင်သစ်နည်းပြ ဒက်ရွှန့်စ်ကို  ၂၀၂၆ ကမ္ဘာ့ဖလားအထိ ဆက်လက်တာဝန်ပေး
DVB
·
July 11, 2024
ပြင်သစ်နည်းပြ ဒက်ရွှန့်စ်ကို  ၂၀၂၆ ကမ္ဘာ့ဖလားအထိ ဆက်လက်တာဝန်ပေး
Donate to DVB

ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမဲ့ နည်းပြ ဒက်ရွှန့်စ်ကို ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက် တာဝန်ပေးထားတယ်လို့ သိရပါတယ်။ 

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုဆုဖလား ရယူပေးနိုင်ခြင်း မရှိခဲ့တဲ့ နည်းပြ ဒီဒီယာဒက်ရွှန့်စ်ကို ထုတ်ပယ်မှာ မဟုတ်ဘဲ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်လက် တာဝန်ပေးမယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒီယာလိုက ပြောပါတယ်။ 

အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ပြန်လည် သုံးသပ်မှာ ဖြစ်ပြီး ဘာတွေ လိုအပ်ချက်တွေ ရှိခဲ့သလိုဆိုတာကို နည်းပြ ဒက်ရွှန့်နဲ့ ဆွေးနွေးတိုင်းပင်မယ်လို့ ပြင်သစ်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဖီလစ်ပီဒီယာလိုက ပြောပါတယ်။ 

အသက် ၅၅ နှစ်ရှိ နည်းပြ ဒက်ရွှန့်ဟာ ၂၀၁၂ ခုနှစ် ကတည်းက ပြင်သစ်အသင်းကို စတင် တာဝန်ယူခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုဖလားရရှိ အောင်စွမ်းဆောင်နိုင်ခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ 

Photo- Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013