DVB Logo
Home
မြန်မာသတင်း
အေဂျင်စီမှ တရားမဝင်ပို့ခဲ့သည့် အလုပ်သမားအများအပြား မလေးရှားတွင် ဒုက္ခရောက်
DVB
·
July 9, 2024
အေဂျင်စီမှ တရားမဝင်ပို့ခဲ့သည့် အလုပ်သမားအများအပြား မလေးရှားတွင် ဒုက္ခရောက်
Donate to DVB

လိုင်စင်ရ အေဂျင်စီတချို့က မလေးရှားနိုင်ငံကို တရားမဝင်နည်းလမ်းနဲ့ အလုပ်သမားတွေပို့ပြီး အလုပ် မသွင်းပေးနိုင်လို့ မြန်မာလုပ်သားအများအပြား အခက်တွေ့နေရတယ်လို့ ကိုယ်တိုင် ကြုံတွေ့ နေရသူတွေဆီက သိရပါတယ်။

မလေးရှားနိုင်ငံက ဧပြီလကုန်ကစပြီး နိုင်ငံခြားသားလုပ်သားခေါ်ယူမှု ရပ်လိုက်ပြီးနောက် အေဂျင်စီ တချို့က အလုပ်သမားတွေဆီက ဝန်ဆောင်ခရယူကာ တရားမဝင် နည်းလမ်းတွေနဲ့ ဆက်လက်ပို့ဆောင်မူတွေရှိနေတာလို့ ဆိုပါတယ်။

ကိုယ်တိုင်ကြုံရသူ တဦးက "ရန်ကုန်ကနေ ဘန်ကောက်ကို လေယာဉ်နဲ့ ခေါ်တယ်။ ထိုင်း ရောက်တော့ သုံးရက်လောက် သောင်တင် နေသေးတယ်။ ပြီးတော့ မလေးရှားနယ်စပ်ကို လေယာဉ် ဆက်စီးရတယ်။ အဲဒီကနေညအချိန် မတော်ကြီး စက်လှေနဲ့ပီနန်းကို ကူးရတယ်။ ကိုယ်တွေက တရားဝင်ဆိုပြီး အပ်လိုက်တာ၊ ခိုးဝင်ရတဲ့အခြေအနေဖြစ်သွားတယ်"လို့ ပြောပါတယ်။

အဲဒီလို ရောက်လာပြီးတဲ့နောက် အခန်းထဲမှာ ပိတ်ခံထားရပြီး အေဂျင်စီက ပိုက်ဆံ အကြေ မပေးရသေးလို့ဆိုကာ လက်ခံထားသူတွေက ပြဿနာရှာပြီးနောက်ထပ် ကျပ်သိန်း ၄၀ ဆီ တောင်းသလို အလုပ်လည်း ရှာမပေးဘူးလို့ ဆိုပါတယ်။

ဧပြီလကတည်းက ရောက်ရှိ ဒုက္ခရောက်နေတဲ့ အလုပ်သမားတဦးက "ကျနော်တို့ အေဂျင်စီဆီ ဖုန်းဆက်တော့ အကုန်လုံးကို ဘလော့ထားတယ်။ လုံးဝ ဆက်သွယ်လို့ မရဘူး။ ဒီဘက်က ပွဲစားကလည်း သိန်း ၄၀ မပေးမချင်း ပြဿနာရှာတယ်။ မိန်းကလေးတွေ ဆိုနစ်နစ်နာ ပြောဆိုခံရတယ်။ နောက်ပိုင်း ထမင်းပါ မကျွေးတော့ဘူး။ ထမင်းဖိုးတရက်ကို ၁၅ ရင်းဂစ် ပေးရတယ်"လို့ ပြောပါတယ်။

အဲဒီအလုပ်သမား ၁၀ဦးအဖွဲ့မှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဆီမှာ တရားဝင် လိုင်စင် ရယူထားတဲ့ Su Latt Myint Mo အေဂျင်စီနဲ့ ချိတ်ဆက်ရောက်ရှိခဲ့ကြတာဖြစ်ပြီး တဦးကို ကျပ် ၆၇ သိန်းပေးသွင်းခဲ့ရတယ်လို့ဆိုပါတယ်။

အခုလို စေလွှတ်နေတာဟာ Su Latt Myint Moအေဂျင်စီတခုတည်းမကဘဲ တခြား အေဂျင်စီ တချို့လည်းပါတယ်လို့ မလေးရှားရောက် မြန်မာလုပ်သားအသိုင်းဝိုင်းဆီက သိရပါတယ်။

အလုပ်သမားတွေရဲ့အရင်နိုင်ငံကူးလက်မှတ်မှာ အလုပ်အကိုင်အမျိုးအစား(PJ)ဖြစ်ပြီး အေဂျင်စီက သူ့သဘောနဲ့သူ အလည်ပတ်အမျိုးအစား(PV)ပြောင်းပြီး လေယာဉ်ပေါ် တင်ပေး လိုက်တာလို့ လည်း ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ကိုယ်တိုင်ကြုံတွေ့ဒုက္ခရောက်နေသူနဲ့နီးစပ်တဲ့မလေးရှားရောက်မြန်မာတဦးက "PV ပတ်စ်ပို့နဲ့ မလေးရှားကို တလဗီဇာနဲ့ ပို့လိုက်တဲ့သူတွေလည်း ရှိတယ်။ အောက်လမ်းကနေ ပို့တာတွေလည်း ရှိတယ်။ အခု နောက်ပိုင်း အဲဒီလို ထပ်ရောက်လာတဲ့ သူတွေ အများကြီးပဲ။ အကုန် ဒုက္ခရောက်နေကြတာ။ လုပ်သား ရာချီတောင် မကဘူး။ ထပ်လွှတ်ဖို့ရှိ တယ်ဆိုတဲ့ သတင်းတွေလည်း ရထားတယ်"လို့ ပြောပါတယ်။

လက်ရှိမှာ မလေးရှားအစိုးရက နိုင်ငံခြားသားလုပ်သားခေါ်ယူတာ ရပ်ထားတာဖြစ်လို့ အေဂျင်စီ တွေက အလုပ်သမားပို့နေတာဟာ တရားမဝင်တွေဘဲ ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။

အေဂျင်စီတွေက မလေးရှာနိုင်ငံ ရောက်သွားရင် အလုပ်ရှင်က အလုပ်လုပ်ကိုင်ခွင့် ကတ် လျှောက်ပေးမှာဆိုပြီး အယုံသွင်းကာ စေလွှတ်မှုတွေ ဆက်လုပ်နေတာဖြစ်ပြီး အစိုးရက ပေါ်လစီ နဲ့ ရပ်ထားတာဖြစ်လို့ ဘယ်လိုမှ လျှောက်ရမှာ မဟုတ်ဘူးလို့လည်း လုပ်သားဟောင်းတွေက ထောက်ပြပါတယ်။

အခုလို အေဂျင်စီတွေက လိမ်လည်ပြီး ရောက်ရှိလာသူတွေဟာ တရားမဝင် လုပ်သား အဖြစ်သာ နေထိုင်ရမှာဖြစ်ပြီး ဖမ်းဆီးခံရမယ့်အန္တရာယ်။ အလုပ်ရှာရခက်ခဲတာ၊ ရရှိတဲ့အလုပ်တွေမှာ လုပ်ခ ချိုးနှိမ်ခံရမှာ၊ အလုပ်ရှာဖို့ ပွဲစားခတွေ ထပ်ခါ၊ ထပ်ခါ ပေးရမှာစတဲ့ အခက်အခဲ ပြသနာ ပေါင်းစုံရှိနေတယ်လို့ သူတို့က ပြောပါတယ်။

ဒါကြောင့် အေဂျင်စီတွေကို အယုံလွယ်ပြီး အလိမ်မခံရဖို့၊ လိမ်လည်နေတဲ့ အေဂျင်စီတွေကို အရေးယူပေးဖို့ လက်ရှိ မလေးရှားနိူင်ငံကို ရောက်ရှိအခက်တွေ့နေသူတွေက တောင်းဆိုပါတယ်။

မြန်မာနိုငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်သူတွေ များပြားခဲ့ပြီး မကြာခင်က ကျင့်သုံး လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ထွက်သူ ဦးရေပိုတိုးလာခဲ့တယ်လို့ အလုပ်သမားရေးရာ မှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013