DVB Logo
Home
အားကစား
နည်းပြလမ်းပတ် အင်္ဂလန်နည်းပြဖြစ်လာနိုင်ဟု သုံးသပ်
DVB
·
July 8, 2024
နည်းပြလမ်းပတ် အင်္ဂလန်နည်းပြဖြစ်လာနိုင်ဟု သုံးသပ်
Donate to DVB

နည်းပြဖရန့်လမ်းပတ်ဟာ နည်းပြဆောက်ဂိတ်အလွန်မှာ အင်္ဂလန်နည်းပြဖြစ်လာနိုင်ကြောင်း အင်္ဂလန် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ ဂယ်ရီလိုင်နီကာနဲ့ မီကာရစ်ချတ်တို့က သုံးသပ်ပါတယ်။

သူတို့ နှစ်ဦးဟာ လမ်းပတ်နဲ့အတူ  ဘီဘီစီရုပ်သံမှာ ယူရို ၂၀၂၄ ပွဲစဉ်တွေကို အတူတကွသုံးသပ်တင်ဆက်ခဲ့ကြသူတွေပါ။

အင်္ဂလန်နဲ့ ဆွစ်ဇာလန်အသင်းတို့ရဲ့ပွဲစဉ်ကိုလည်း သုံးသပ်တင်ဆက်ခဲ့ကြပြီး လမ်းပတ်ရဲ့ ပွဲအပေါ်ရှုမြင်ချဉ်းကပ်ပုံတွေက အသေးစိတ်ပြီး နည်းပြကောင်းတဦးဆိုတာ သိသာကြောင်း ဂယ်ရီလိုင်နီကာနဲ့ မီကာရစ်ချတ်တို့က ပြောပါတယ်။

လက်ရှိအင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အသင်းနဲ့ လမ်းခွဲရမှာဖြစ်ပြီး နည်းပြလမ်းပတ်နဲ့ အစားထိုးခန့်အပ်သင့်ကြောင်း ဂယ်ရီလိုင်နီကာက ပြောပါတယ်။

မီကာရစ်ချတ်ကတော့ လမ်းပတ်ဟာ ဒါဘီအသင်းမှာ စွဲဆောင်မှုရှိတဲ့ဘောလုံးကစားဟန်ကို တည်ဆောက်ပြခဲ့ပြီး လမ်းပတ်ဟာ အရည်အချင်း ပြည့်ဝတဲ့နည်းပြဖြစ်ကြောင်း ချီးကျူးသွား ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013