DVB Logo
Home
နိုင်ငံတကာ
NIKE ကုမ္ပဏီ ဝင်ငွေရော ရှယ်ယာစျေးပါ စံချိန်တင်ထိုးကျ
DVB
·
June 30, 2024
NIKE ကုမ္ပဏီ ဝင်ငွေရော ရှယ်ယာစျေးပါ စံချိန်တင်ထိုးကျ
Donate to DVB

ကမ္ဘာ့နံပါတ် ၁ အားကစားပစ္စည်းကုမ္ပဏီ NIKE ဟာ ဒုတိယသုံးလပတ်မှာ ဝင်ငွေ ၁၀ ရာခိုင်နှုန်း အထိ လျော့ကျမယ်လို့ ထုတ်ပြန်ခဲ့အပြီးမှာ ရှယ်ယာစျေးပါ တရက်တည်း ၂၀ ရာခိုင်နှုန်းနီးပါး ထိုးကျသွားခဲ့ပါတယ်။ 

ဒါဟာ စတော့ရှယ်ယာစျေးကွက်မှာ တရက်တည်းရာခိုင်နှုန်းအများဆုံး ခုန်ဆင်းတဲ့ စံချိန်ပါတင်သွားပါတယ်။ 

On  နဲ့ Hoka လို ဘရန်းအသစ်တွေရဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရချိန်မှာ NIKE ရဲ့ ဝယ်လိုအားဟာ တရုတ်စျေးကွက် အပါအဝင် ကမ္ဘာ့စျေးကွက်အများအပြားမှာ ကျဆင်းလာတာဖြစ်ပါတယ်။   

NIKE ဟာ ပြီးခဲ့တဲ့နှစ်တွေထဲမှာ သူ့ရဲ့ ထိပ်တန်း  Air Jordan 1 စနီကာတွေရဲ့ စျေးနှုန်းကို မြှင့်ရောင်းခဲ့ပြီး ပျမ်းမျှ တရံကို ဒေါ်လာ ၂၀၀ လောက်အထိ ရောင်းသလို Air Jordan 1  စနီကာတွေဆိုလည်း ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ ရောင်းနေတာဖြစ်ပါတယ်။ 

ပြိုင်ဘက် Adidas အစင်းသုံးစင်းပါ အဖြူအမည်း Samba နဲ့ ရောင်စုံ Gazelle  စနီကာတွေကို ဒေါ်လာ ၁၀၀ နဲ့ ၁၂၀ ဝန်းကျင် ရောင်းနေတာနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ 

ဒီအချိန်မှာ ဒေါ်လာ ၁၀၀ နဲ့ ၁၀၀ အောက် စနီကာတွေ ရောင်းသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ 

ကိုယ်ပိုင်စတိုးနဲ့ ဝက်ဘ်ဆိုက်ကနေပဲ အဓိကထား ရောင်းချပြီး  လက်ကားလျှော့စျေးရောင်းတာမျိုးမှာ ပါလေ့မရှိတဲ့ NIKE ရဲ့ မဟာဗျူဟာကလည်း ရောင်းအားကို ထိခိုက်စေတယ်လို့ ရိုက်တာသတင်းမှာ သုံးသပ်ပါတယ်။ 

ဒီအချိန်မှာ စျေးသက်သာတဲ့ အမျိုးအစားသစ်တွေထုတ်ရင်တောင်မှ တီထွင်ဆန်းသစ်မှုပိုင်းမှာ ဆွဲဆောင်မှုမရှိရင် ပြန်ဦးမော့ဖို့မလွယ်ဘူးလို့လည်း စျေးကွက်လေ့လာသူတွေက သုံးသပ်ပြီး NIKE ကတော့ မကြာခင်ကျင်းပမဲ့ ပါရီအိုလံပစ်ကြောင့် အားကစားပစ္စည်းရောင်းအားပြန်တက်ဖို့ မျှော်လင့်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013