DVB Logo
Home
နိုင်ငံတကာ
ရှယ်ယာဈေးဆက်ကျနေသော်လည်း Porsche  ကားကုမ္ပဏီ ဝန်ထမ်းလျှော့ချမည့် အစီအစဉ်မရှိ
DVB
·
September 23, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂျာမန်ဇိမ်ခံကား ထုတ်လုပ်တဲ့ Porsche ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) မီရှဲလ် လိုက်တာစ်က ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီခွဲမှာ အလုပ်အကိုင် ၄,၀၀၀ ထပ်လျှော့ချဖို့ အစီအစဉ်မရှိဘူးလို့ ဝန်ထမ်းတွေကို ပြောခဲ့တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဗောက်စ်ဝက်ဂွန်ရဲ့ ကြီးကြပ်ရေးဘုတ်အဖွဲ့က သဘောတူညီချက် ရထားပြီးသား ဝန်ထမ်း အယောက် ၉,၀၀၀ လျှော့ချမှုအပြင် အမှတ်တံဆိပ်အတွက် နောက်ထပ် အလုပ်အကိုင် ၄,၁၀၀ ကို မလိုအပ်ဘူးလို့ ရှုမြင်တဲ့ ဟန်ဒယ်စ်ဘလက် အစီရင်ခံစာကို CEO က ခုလို တုံ့ပြန်ခဲ့တာပါ။

ဥရောပရဲ့ ထိပ်တန်းကားထုတ်လုပ်သူ ဗောက်စ်ဝက်ဂွန်ရဲ့ ရှယ်ယာတွေဟာ ဇိမ်ခံ Porsche  ကားဌာနမှာ ယူရို ၆ ဘီလီယံ (ဒေါ်လာ ၆ ဒသမ ၈၈ ဘီလီယံ) တန်ဖိုးရှိတဲ့ ဂုဏ်သတင်းကျဆင်းမှု အပါအဝင် အမြတ်အစွန်း သတိပေးချက်တရပ် ထွက်ပေါ်အပြီး တနင်္လာနေ့မှာ ရှယ်ယာတန်ဖိုး ဆက်ပြီး ကျဆင်းခဲ့ပါတယ်။

ဗောက်စ်ဝက်ဂွန်ရဲ့ ရှယ်ယာတွေဟာ မနက် ၇ နာရီ ၁၃ မိနစ်မှာ ၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Porsche ရဲ့ ရှယ်ယာတွေက သောကြာနေ့က ရှယ်ယာတန်ဖိုး ကျဆင်းတာထက် ပိုပြီး ကျဆင်းခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်မှာ ဗောက်စ်ဝက်ဂွန်ဟာ ၂၀၂၆ ခုနှစ်အတွက် အမြတ်အစွန်း အလားအလာကို အများဆုံး ၁ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။

အမြတ်အလားအလာ လျော့ကျမှုက ၄ ရာခိုင်နှုန်းကနေ ၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး တရုတ်ဈေးကွက် နှေးကွေးခြင်း၊ ပင်စင်လစာအတွက် အထောက်အပံ့တွေ မြင့်မားခြင်းအပြင်  Porsche ရဲ့ အခြေအနေဆိုးရွားမှုကို အပြစ်တင်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013