DVB Logo
Home
မြန်မာသတင်း
နောင်ချိုတိုက်ပွဲက စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ
DVB
·
June 29, 2024
နောင်ချိုတိုက်ပွဲက စစ်ကောင်စီအလောင်း ၁၀ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ
Donate to DVB

မိုးမိတ်နဲ့ နောင်ချိုတို့မှာ ဒီနေ့ တိုက်ပွဲဖြစ်နေပြီး နောင်ချို့ ရှုခင်းသာက ခလရ ၁၄၆ စခန်းတိုက်ပွဲကနေ စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်နဲ့ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ရဲ့ ဒီနေ့ ဇွန် ၂၉ ရက် နေ့လယ်အချိန်ထိ ရတဲ့ တိုက်ပွဲသတင်းအကျဉ်းချုပ်ကို ထုတ်ပြန်လာတာဖြစ်ပြီး မနက် ၅ နာရီခွဲလောက်က တအာင်းပြည်၊ တပ်မဟာ ၃ စစ်ဒေသ မိုးမိတ်မြို့နယ်၊ ရွှေဆာလီကျေးရွာမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ခဲ့သလို ၃။ မိုးမိတ်မြို့နယ်၊ လွယ်ဝိန်းတောင်က စကခ၂၁၊ ခလရ ၂၂၃ တပ်စခန်းမှာလည်း တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ နောင်ချိုမြို့နယ်၊ ခလ၇ ၆၀၆ မှာလည်း မနက် ၄ နာရီခွဲကျော်က တိုက်ပွဲဖြစ်ခဲ့သလို မနက် ၇ နာရီမှာတော့ နောင်ချိုမြို့နယ်၊ ရှုခင်းသာက ခလ၇ ၁၄၆ စခန်းတိုက်ပွဲကနေ စစ်ကောင်စီတပ်သား အလောင်း ၁၀ လောင်းနဲ့ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

မနက် ၇ နာရီခွဲလောက်မှာလည်း မိုးမိတ်မြို့နယ်၊ လယ်ကြီးက စစ်ကောင်စီတပ် စကခ၂၁ ၊ ခမရ ၃၄၈ တပ်စခန်းမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဇွန် ၂၈ ရက် ညပိုင်း ထုတ်ပြန်ချက်အရတော့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ် စတဲ့မြို့တွေမှာ တိုက်ပွဲဆက်ဖြစ်နေပြီး နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ ခမရ ၆၀၆ တပ်စခန်း တခုပဲ ကျန်တော့လို့ အဲဒီစခန်းကို တအာင်းတပ်မတော် TNLA၊ MDY-PDF နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်မတော် (DPLA) ပူးပေါင်းတပ်ဖွဲတို့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

ပြီးတော့ ဇွန် ၂၅ ရက်ကနေ ၂၈ ရက်အထိ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ ‌မိုးမိတ်မြို့နယ်တို့မှာ သီလရှင် ၁ ပါးနဲ့ ကိုရင် ၁ ပါး အပါအဝင် အရပ်သား ၁၈ ယောက်သေဆုံး၊ အယောက် ၃၀ ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လားရှိုးမြို့နယ်က မန်စံရေကျ၊ မန်ပွဲ - လားရှိုး ဆက်သွယ်ထားတဲ့ မန်စံရေကျကြိုးတံတားနဲ့ ခိုလိတ်ရထားလမ်းတံတားတို့ကို ဇွန် ၂၇ ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သလို ဇွန် ၂၅ ရက်နေ့ကလည်း ခိုလိတ်အုပ်စုက မန်ပွဲရွာတံတား၊ ဆွတ်လန်းတံတားနဲ့ မန်စံရေကျတံတားတို့ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013