DVB Logo
Home
မြန်မာသတင်း
ကျောက်မဲနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင် 
DVB
·
June 28, 2024
ကျောက်မဲနှင့် သီပေါတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင် 
1 / 6
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်ထဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား  ဇွန် ၂၅ ရက်ကစတဲ့ တိုက်ပွဲ မပြီးဆုံးသေးဘဲ ဒီကနေ့  ဇွန် ၂၈ ရက်ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကျောက်မဲမှာ မနေ့က တညလုံး လက်နက်ကြီးသံတွေကြားရပြီး ဒီနေ့မနက်စောစောမှာ ရပ်ကွက်လူကြီးတွေက စစ်ဘေးရှောင်ခိုင်းနေတယ်လို့  ရပ်ကွက်  ၇ မှာနေထိုင်တဲ့ ဒေသခံတဦးက ‌DVB ကို ပြောပါတယ်။ 

“မနေ့ညက တညလုံးလက်နက်ကြီးသံ ပေါက်ကွဲသံတွေကြားတယ်၊ ဘယ်နေရာတွေထိလဲ ပျက်စီးလဲ ကျမတို့သွားမကြည့်ရဲပါဘူး။ လူကြီးတွေက စစ်ဘေးရှောင်ခိုင်းလို့ ထွက်လာကြပြီ။  အမျိုးတွေရှိတဲ့ နောင်ပိန်ဘက်သွားမလို့။”

ဒေသခံ နောက်တဦးကလည်း “ဒီနေ့မနက် ကျောက်မဲမြို့ပေါ်မှာ တိုက်ပွဲမရှိတော့ဘူး။  ကျောက်မဲအရှေ့ဘက် ပန်ပေါင်းတောင်ဘက်မှာတော့ သေနတ်သံတွေကြားရတယ်၊ မီးခိုးတွေ လည်းထွက်နေတယ်။မြို့ထဲမှာတော့ ပလောင်စစ်သားတွေချည်းပဲ၊ သူတို့ရှိရင် စစ်တပ်က လေယာဉ်နဲ့ လာပစ်မှာစိုးလို့  အတော်များများ တိမ်းရှောင်နေကြတယ်” လို့ ပြောပါတယ်။  

ပရဟိတအသင်းဝင်တဦးကတော့ မနေ့က ကျောက်မဲသီလရှင်ကျောင်းဝင်းထဲ လက်နက်ကျည်ကျပြီး သီလရှင်တပါး သေဆုံးကာ အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။ 

ဇွန် ၂၈ ရက် မွန်းလွဲ ၂ နာရီကျော်ကလည်း ကျောက်မဲ ဓမ္မမေဒနီရွှေကျင်ကျောင်းတိုက်ကို  လက်နက်ကြီးကျပြီး ၃ ထပ်ဆွမ်းစားဆောင်ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျောက်မဲဒေသတွင်းသ တင်း Kyaukme Public News မှာ ဖော်ပြပါတယ်။ 

ဇွန် ၂၅ ရက်နေ့ကစတဲ့ တိုက်ပွဲကြောင့် ကျောက်မဲမြို့ပေါ်ရပ်ကွက်နဲ့ အနီးနားတဝိုက် ကောင်း အက်၊ မွေတော်၊ ပိန်းနိမ်၊ ကုန်းသာ၊ နမ့်တုံ ( ရပ်ကွက် ၂ ) ၊ ဝမ့်မိုင်ကောင်းမူး နဲ့ ရပ်ကွက် ၈ ထဲက စစ်ဘေးရှောင် ၃၀၀ နီးပါး နားပြိန်းကျောင်းတိုက်မှာ ရောက်ရှိခိုလှုံနေကြောင်း၊  ကျောင်းပေါ်မှာ နေရာမဆံ့တော့လို့ နားပြိန်းရွာသားတွေလည်း  တအိမ်ကို ၁၀ ဦးမှ ၂၀ ဦးထိ စစ်ဘေးရှောင်တွေ ကူညီလက်ခံပေးနေတယ်လို့ နားပြိန်းကျောင်းတိုက်သံဃာတော်တပါးကမိန့်ပါတယ်။

ဒါ့အပြင် နောင်ပိန်လေး၊ ခိုအုံ၊ ကန်မိန်း၊ ခိုတဲန့် ၊ နမ့်ဆီလင်းကျောင်းတိုက်တွေမှာလည်း စစ်ဘေး ရှောင်တွေပြည့်နေကြောင်း၊ ကျောင်းတကျောင်းလျှင် စစ်ဘေးရှောင်ရာနဲ့ချီရှိတော့ စားနပ် ရိက္ခာအရေးပေါ်လိုအပ်နေတယ်၊  ဈေးဆိုင်ကြီးတွေလည်း ပိတ်ထားတဲ့အတွက် ဟင်းချက်စရာ ဆန်ဆီဆားတွေဝယ်ရခက်ခဲနေတယ်လို့  စစ်ဘေးရှောင်ကူညီနေတဲ့ သံဃာ တပါးက မိန့်ပါတယ်။

သီပေါမြို့နယ်ထဲ ကုန်းသားကျေးရွာဘက်မှာလည်း  TNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲဖြစ်နေတာ ၃ ရက်လောက်ရှိပြီဖြစ်ပြီး ဒီနေ့မနက်မှာ မိသားတစု ပြောင်းဖူးခြံထဲမှာ အလုပ်လုပ်နေစဉ် ခြံစောင့်တဲနား လက်နက်ကြီးကျည်ကျလာလို့ ကလေးတယောက် ထိမှန်ဒဏ်ရာရသွားတယ်လို့ သီပေါစစ်ရှောင်ကူညီသူတဦးက ပြောပါတယ်။ 

“ကလေးနာမည်က စိုင်းနော်ခမ်းဟန် အသက်က ၁၂ နှစ်ကျော်၊ သူကမိဘတွေနဲ့အတူ ပြောင်းခြံထဲ လိုက်သွားတာ။ သူတို့ခြံစောင့်တဲနားလက်နက်ကျည်ကျပြီး ကလေးရဲ့ ရင်ဘတ်အပေါ် ဘက်ကို ထိသွားတယ်။ စိုးရိမ်ရတယ်၊ အခုလားရှိုးဆေးရုံသွားနေကြပြီ။”

သီပေါကတိုက်ပွဲတွေကြောင့် လက်ရှိ နောင်ကတ်၊ နောင်အန်၊ ဆီဆုံ၊ ကုန်းသာ စတဲ့ဘု န်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်စုစုပေါင်း ၅၀၀ နီးပါး ရောက်ရှိခိုလှုံနေတယ်လို့ သီပေါစစ်ရှောင်ကူညီသူက ပြောပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013