DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်ခရီးစဉ် သွားရောက်
DVB
·
June 28, 2024
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်ခရီးစဉ် သွားရောက်
Donate to DVB

မြန်မာသမ္မတဟောင်း ဦးသိန်းစိန်ဟာ ဇွန် ၂၇ ရက်က တရုတ်နိုင်ငံကို တရားဝင် အလည်အပတ်ခရီး ထွက်ခွာသွားခဲ့ပြီး ဒါဟာ စစ်အာဏာသိမ်း ၃ နှစ်အလွန် သူ့ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်လာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ချက်မှာတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ သွားတာလို့ ဖော်ပြထားပြီး ဦးသိန်းစိန်နဲ့အတူ မြန်မာနိုင်ငံပထမဦးဆုံး ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာ ရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးတို့လည်း အတူလိုက်ပါသွားကြတယ်လို့ ဆိုပါတယ်၊။

အသက် ၇၉ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အာဏာလွှဲအပ်ရယူခဲ့တဲ့ အရပ်သားတပိုင်း အစိုးရ အဖွဲ့လက်ထက် ပြုပြင်ပြောင်းလဲရေး သမ္မတအဖြစ် အုပ်ချုပ်ခဲ့သူပါ။

အဲဒီနောက်ပိုင်းမှာတော့ စစ်တပ်က တည်ဆောက်ထားတဲ့ နေပြည်တော်မှာ အငြိမ်းစားယူခဲ့ပြီး နောက်ပိုင်း အများပြည်သူရှေ့ကနေ အချိန်ကာလ အတော်ကြာကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ချက်မှာတော့ သူဟာ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက် က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံအခြေအနေ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီးတော့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုရဲ့ အဓိကမဟာမိတ်နဲ့ လက်နက်ထောက်ပံ့သူဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေးဟာ မြန်မာနယ်စပ်က အွန်လိုင်းလိမ်လည်မှုပေါင်းများစွာကို နှိမ်နင်းဖို့ စစ်တပ်ရဲ့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်တုန်းက ပြိုပျက်လာနေခဲ့တာပါ။

မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံတန် တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးခါးပတ်လမ်းစီမံကိန်းရဲ့ အရေးပါတဲ့ အပိုင်းမှာ ပါဝင်နေပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေဟာ ပဋိပက္ခတွေကြောင့် အဟန့်အတား ဖြစ်နေပါတယ်။

ဒီစီမံကိန်းအကြောင်းနဲ့ ပတ်သက်ပြီးတော့ တရုတ်သမ္မတက ၂၀၁၃ ခုနှစ်မှာ ပထမဆုံး ကြေညာခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကာလကတည်းက ရှိခဲ့တဲ့ တရုတ်နဲ့ အနောက်တိုင်း ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်တည်ဆောက်မယ့် ရည်ရွယ်ချက် ဖြစ်ပါတယ်။ 

ခါးပတ်လမ်းကြောင်းသစ်မှာတော့ စီးပွားရေးစင်္ကြံ ၆ ခု ရှိတယ်လို့သိရပြီး အဲဒီမှာ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံဟာ အဓိကလမ်းကြောင်းတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီး ဒီမိုကရေစီအုပ်ချုပ်မှု အဆုံးသတ်ပြီး ကတည်းက တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာနေခဲ့သလို ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်တလျှောက်က ရှမ်းပြည်နယ်နယ်မြေ အနှံ့အပြားကို တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေက သိမ်းပိုက်ခဲ့ကြတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့  ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက  တရုတ်နိုင်ငံကို သွားရောက်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013