Home
အားကစား
ပြင်သစ်နှင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီ ဝေးလ်အသင်းနည်းပြဖြစ်ရန် နီးစပ်
DVB
·
June 27, 2024
Photo-Reuters

ပြင်သစ်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီဟာ ဝေးလ်လက်ရွေးစင်အသင်း နည်းပြဖြစ်လာဖို့ နီးစပ်နေပါတယ်။

ဝေးလ်အသင်းဟာ နည်းပြ ပေ့ချ်ကို ပြီးခဲ့တဲ့တပတ်က ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်တဦး ခန့်အပ်သွားဖို့ စီစဉ်နေတာပါ။

ဝေးလ်အသင်းနည်းပြ ဖြစ်လာမယ့် နည်းပြစာရင်းမှာ အွန်နရီက ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ လန်ဒန်အခြေစိုက် BBC သတင်းမှာ ဖော်ပြပါတယ်။

အွန်နရီဟာ လက်ရှိအချိန်မှာ ပြင်သစ်ယူ-၂၁ အသင်းကို တာဝန်ယူနေပြီး လာမယ့် ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာလည်း ပြင်သစ်အိုလံပစ်အသင်းကို တာဝန်ယူသွားမှာပါ။

ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အွန်နရီအတွက် မက်မောလောက်တဲ့ လုပ်ခလစာ ပေးချေနိုင်မှာ မဟုတ်ပေမဲ့ မီဒီယာနဲ့ စပွန်ဆာစာချုပ်တွေကို ဆက်လက်ချုပ်ဆိုနိုင်တဲ့ အခွင့်အရေး ပေးအပ်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အွန်နရီဟာ မိုနာကိုနဲ့ မွန်ထရီရယ် အသင်းတွေကို တာဝန်ယူခဲ့ဖူးပြီး ဘယ်လ်ဂျီယံ လက်ထောက်နည်းပြအနေနဲ့လည်း တာဝန်ယူခဲ့ဖူးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024