DVB Logo
Home
အားကစား
ပွဲထွက်လူစာရင်းပြောင်းပါက အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်ဟု ဖာဒီနန် သုံးသပ်
DVB
·
June 27, 2024
ပွဲထွက်လူစာရင်းပြောင်းပါက အင်္ဂလန်အသင်း ချန်ပီယံဖြစ်နိုင်ဟု ဖာဒီနန် သုံးသပ်
Donate to DVB

\

အင်္ဂလန်အသင်းအနေနဲ့ ပွဲထွက်လူစာရင်း အပြောင်းအလဲလုပ်မယ်ဆိုရင် ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်တယ်လို့ နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ပြောသွားပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုတွင်းပွဲစဉ် ၃ ပွဲမှာ ၁ ပွဲနိုင် ၂ ပွဲသရေရလဒ်နဲ့ အုပ်စုပထမနေရာကနေ ၁၆ သင်း အဆင့်ကို တက်ရောက်ခဲ့ပေမဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ပရိတ်သတ်အားလုံးက အားမလိုအားမရဖြစ်ခဲ့ကြတာပါ။

အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ ကိုဘီမိန်နူး၊ ကိုးလ်ပါလ်မာနဲ့ အန်တိုနီဂေါ်ဒွန်တို့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင် ချန်ပီယံဆုဖလား ရယူနိုင်တယ်လို့ တွစ်တာမှာ ရေးသားခဲ့တာပါ။

နည်းပြဆောက်ဂိတ်အနေနဲ့  အကြောက်အလန့်မရှိစွာ ကစားနိုင်တဲ့ လူငယ်သွေးသစ်တွေအပေါ် ယုံကြည်မှုပေးသင့်တယ်လို့ ဖာဒီနန်က ပြောပါတယ်။

ဖာဒီနန်ညွှန်းဆိုတဲ့ခဲ့ လူငယ်ကစားသမားသုံးဦးထဲမှာ ကိုဘီမိန်နူးက ပွဲချိန် ၄၉ မိနစ် ကစားခဲ့ရပေမဲ့ ပါလ်မာက ၁၉ မိနစ်၊ ဂေါ်ဒွန်က ၅ မိနစ်လောက်သာ ကစားခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013