DVB Logo
Home
မြန်မာသတင်း
မ​လေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော်အဖမ်းခံရ
DVB
·
June 25, 2024
မ​လေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော်အဖမ်းခံရ
Donate to DVB

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမြို့နယ်မှာ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသား ၁၇၀၀ ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မလေးရှားရောက် မြန်မာတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။

ဇွန် ၂၃ ရက်နေ့ ညနေပိုင်းမှာ ကလန်းမြို့ရှိ နိုင်ငံခြားသားတွေ နေထိုင်တဲ့ နေအိမ်နဲ့ စက်ရုံတွေကို အော်ပရာစီ(ရှောင်တခင်) ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံလိုက်ရသူ ၁၇၀၀ ကျော်မှာ မြန်မာနိုင်ငံသား အယောက် ၁၃၀ ပါဝင်ပြီး အထောက်အထားရှိတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ဇွန်လ ၂၃ ရက် ညနေပိုင်းကပေါ့နော် ကားငါးစီးနဲ့ ရဲနဲ့ လဝက အင်အား ၁၀၀ ကျော်က လာဝင်ဖမ်းတာ၊ ကလန်းမှာက နိုင်ငံသားတွေများလို့ မလေးရှားနိုင်ငံသားတွေက တိုင်ကြားလို့ လာဝင်ဖမ်းတာလို့တော့ သိထားရတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲက အထောက်အထားရှိသူတွေကို ပြန်လွှတ်ပေးထားပြီး အထောက်အထားမရှိသူတွေကိုတော့ ကလန်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ထားရှိထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်မှာ ဘင်္ဂလာ့ဒေ့ရှ်နိုင်ငံသား အများဆုံးပါဝင်ပြီး နီပေါ၊ ပါကစ္စတန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013