DVB Logo
Home
အားကစား
အကောင်းဆုံးခြေစွမ်းမရသေးဟု ဟယ်ရီကိန်း ဝန်ခံ၊ ကိုဘီမိန်နူးနှင့် ဂေါ်ဒွန်ကို ကစားခွင့်ပြုရန် တိုက်တွန်း
DVB
·
June 24, 2024
အကောင်းဆုံးခြေစွမ်းမရသေးဟု ဟယ်ရီကိန်း ဝန်ခံ၊ ကိုဘီမိန်နူးနှင့် ဂေါ်ဒွန်ကို ကစားခွင့်ပြုရန် တိုက်တွန်း
Donate to DVB

ယူရိုပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်အသင်းဟာ အကောင်းဆုံးခြေစွမ်းမရရှိသေးကြောင်း အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက ဝန်ခံ ပြောသွားပါတယ်။

ဟယ်ရီကိန်းဟာ ဆားဘီးယား၊ ဒိန်းမတ်အသင်းတွေနဲ့ ကစားခဲ့တဲ့ အုပ်စုပွဲစဉ် နှစ်ပွဲမှာ  တဂိုး သွင်းခဲ့ပေမဲ့ ခြေစွမ်းပြနိုင်ခြင်းမရှိသေးတာပါ။

အုပ်စုပွဲစဉ် ၂ ပွဲ ကစားပြီးတဲ့အထိ အကောင်းဆုံးခြေစွမ်းမရရှိသေးကြောင်း ဟယ်ရီကိန်းက ဝန်ခံခဲ့ပေမဲ့ လာမယ့်ပွဲစဉ်တွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်ထုတ်ပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားမှာ အုပ်စုပွဲစဉ်သုံးပွဲစလုံး ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ အခုနှစ် ယူရိုပြိုင်ပွဲ ၂ ပွဲ ကစားအပြီးမှာပဲ တဂိုးသွင်းယူထားနိုင်ကြောင်း ဟယ်ရီကိန်းက ပြောပါတယ်။

ကိုယ့်ရဲစွမ်းဆောင်ရည်က အမြင့်ဆုံးမဟုတ်သေးသလို အနိမ့်ဆုံးလည်း မဟုတ်တာကြောင့် လာမယ့်ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ဆလိုဗေးနီးယားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ကိုဘီမိန်နူးနဲ့ ဂေါ်ဒွန်ကို ပွဲထွက် ကစားစေသင့်ကြောင်း နောက်ခံလူဟောင်းနဗီးလ်က တိုက်တွန်းသွားပါတယ်။

အင်္ဂလန်အသင်းဟာ အုပ်စုပွဲစဉ်နှစ်ပွဲကစားအပြီးမှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ပွဲထွက်လူစာရင်းကို အပြောင်းအလဲလုပ်ဖို့ ဘောလုံးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အင်္ဂလန်နောက်ခံ လူဟောင်း နဗီးလ်ကတော့  ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်နဲ့ တွဲဖက် ဖို့အတွက် မိန်နူးကို ပွဲထွက်စေသင့်သလို ဟယ်ရီကိန်းနဲ့ ချိတ်ဆက်ကစားနိုင်ဖို့ ဂေါ်ဒွန်ကို ပွဲထွက် စေသင့်ကြောင်း တိုက်တွန်းခဲ့တာပါ။

မန်ယူလူငယ်ကြယ်ပွင့် မိန်နူးဟာ ဆားဘီးယားနဲ့ပွဲစဉ်မှာ ၄ မိနစ်လောက် လူစား ဝင်ကစားခွင့်ရထားပေမဲ့ နယူးကာဆယ် တောင်ပံကစားသမား ဂေါ်ဒွန်ကတော့ ပွဲကစားခွင့် မရရှိသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013