DVB Logo
Home
နိုင်ငံတကာ
ချီလီနိုင်ငံတွင် ရထား ၂ စင်း တိုက်မိပြီး  လူ ၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ
DVB
·
June 22, 2024
ချီလီနိုင်ငံတွင် ရထား ၂ စင်း တိုက်မိပြီး  လူ ၂ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ
Donate to DVB

ချီလီနိုင်ငံပိုင် မီးရထားကုမ္ပဏီ (EFE) ကနေ စမ်းသပ်မောင်းနှင်နေတဲ့ ခရီးသည်တင်ရထားဟာ ပုဂ္ဂလိက ရထားကုမ္ပဏီ Fepasa ကပြေးဆွဲတဲ့ ကုန်တင်ရထားနဲ့ တိုက်မိခဲ့လို့ ဇွန် ၂၀ ရက်က အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  EFE မီးရထားကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ရထားမတော်တဆမှုဟာ ညသန်းခေါင်ကျော် အချိန်လောက်က မြို့တော်ရဲ့ဆင်ခြေဖုံး ဆန် ဘာနာဒို ဧရိယာမှာ ဖြစ်ပွားခဲ့ပြီး Fepasa မှ ပြေးဆွဲတဲ့ ကုန်တင်ရထားမှာ ကြေးနီတန်ချိန် ၁,၃၄၆ မက်ထရစ်တန်လောက် တင်ဆောင်လာတာ ဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦးဟာ Fepasa ကုန်တင်ရထားရဲ့ အော်ပရေတာတွေဖြစ်ကြောင်း နိုင်ငံပိုင် မီးရထားကုမ္ပဏီ EFE မှ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့ကြတဲ့ တရုတ်အမျိုးသား ၄ ဦး အပါအဝင် စမ်းသပ်ရထားမှ အမှုထမ်းတွေဟာ ဆေးကုသမှု ခံယူနေကြပါတယ်။ ဒဏ်ရာတွေဟာ ပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဒေသခံ အစိုးရရှေ့နေက ဒေသခံမီဒီယာကို ပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ တိုက်မိထားတဲ့ရထားကို လမ်းကြောင်းပေါ်ကနေ ဖယ်ရှားခဲ့ကြပါတယ်။

အဲဒီ ရထားမတော်တဆမှုကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ အမှုဖွင့်စစ်ဆေးနေပြီး စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် EFE အရာရှိ ၂ ဦးကို အစိုးရရှေ့နေရုံးက ထိန်းသိမ်းခဲ့ပါတယ်။

ကနဦးတွေ့ရှိချက်တွေအရ အရှိန်ပြင်းပြင်းတင်ပြီး မောင်းနှင်လာတဲ့ ခရီးသည်တင် ရထားဟာ ရပ်တန့်နေတဲ့ရထားကို တိုက်ခဲ့တာဖြစ်ကြောင်း ရှေ့နေ အာရာဗီနာက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

စမ်းသပ်ပြေးဆွဲနေတဲ့ ရထားဟာတောင်ဘက်မှ ချဉ်းကပ်လာတဲ့ တခြားကုန်တင်ရထားကို အကြောင်းမကြားခဲ့ဘူးလို့လည်း ဆိုပါတယ်။

ပို့ဆောင်ရေး ဝန်ကြီးဌာနက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ရာမှာ EFE ခရီးသည်တင်ရထားမှာ ပြန်မထုတ်ရသေးတဲ့ black box တလုံး တပ်ဆင်ထားပြီး မတော်တဆမှု ဖြစ်ပွားချိန်မှာတော့ ရထားရဲ့ GPS စနစ်က လည်ပတ်နေပြီလို့ ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013