DVB Logo
Home
မြန်မာသတင်း
ရခိုင်မှ ပညာရေးဝန်ထမ်း ၁,၂၀၀ ခန့်ကို စစ်ကောင်စီက အဓမ္မပြောင်းရွှေ့ခိုင်း
DVB
·
June 21, 2024
ရခိုင်မှ ပညာရေးဝန်ထမ်း ၁,၂၀၀ ခန့်ကို စစ်ကောင်စီက အဓမ္မပြောင်းရွှေ့ခိုင်း
Donate to DVB

ရခိုင်ပြည်နယ်အတွင်းက ပညာရေးဝန်ထမ်း ၁,၂၀၀ လောက်ကို ပြည်မဘက်ပြောင်းရွှေ့ဖို့ စစ်ကောင်စီက အတင်းအဓမ္မ ဖိအားပေးနေတယ်လို့ ပညာရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ထမ်းဆိုတာက တခြားစီးပွားရေးလည်း မလုပ်တတ်တော့ ဝန်ထမ်းအားလုံး အခက်အခဲ ဖြစ်နေကြပြီး အဓိက စီးပွားပျက်တာကတော့ ဝန်ထမ်းတွေဖြစ်ပြီး တခြားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ ပုံမှန်လည်ပတ်ကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ကျောင်းဆရာမတဦးက  ပြောပါတယ်။

စစ်ကောင်စီဘက်က မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေကို အတင်းအဓမ္မ ပြောင်းရွှေဖို့ ဖိအားပေးနေပေမဲ့လည်း ဘာသာစကား၊ နေရေးထိုင်ရေး အခက်ခဲတွေကြောင့် သွားရောက် တာဝန်ထမ်းဆောင်ဖို့ ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

စာသင်ကျောင်းတွေ ပုံမှန်ပြန်ဖွင့်မယ် ဆိုရင်တောင် စစ်ရေးကာလဖြစ်တာကြောင့် ကိုယ်တိုင်တောင် အပြင်မထွက်ရဲ၊ ကျောင်းသားမိဘတွေကလည်း သားသမီးတွေကို အပြင်မလွှတ်ရဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လစာတွေ ဖြတ်တောက်လိုက်တာကြောင့် ပညာရေးဝန်ထမ်း မိသားစုတွေမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတယ်လို့ ဧရာဝတီတိုင်းကို ပြောင်းရွှေ့ခံရတဲ့ ရသေ့တောင်မြို့နယ်က အထက်တန်းပြ ကျောင်းဆရာတယောက်က ပြောပါတယ်။

ပညာရေးဌာန ဝန်ထမ်းမိသားစုတွေ အနေနဲ့ ပြည်မဘက်ကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မယ့်သူ မရှိသလောက် နည်းပါးပြီး ၁ ရာခိုင်နှုန်းလောက်တောင် မရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ လစာ ၂၅,၀၀၀၀ ကျပ်လောက်နဲ့ မိသားစုစားဝတ်နေရေး အဆင်မပြေနိုင်တဲ့အပြင် အာရက္ခပြည်သူ့အစိုးရရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ကြဖို့ အားလုံးရည်ရွယ်ထားကြတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပညာရေးဌာန အပါအဝင် ဝန်ထမ်းတွေကို ထားလို့ အဆင်မပြေတော့တာကြောင့် ပြည်မဘက်ကို ပြောင်းရွှေ့တာလို့ ယူဆရပြီး ပြောင်ရွှေ့ခြင်းမရှိတဲ့သူတွေကို အလုပ်တာဝန်ကနေ ထုတ်ပယ်ဖို့ စီစဥ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ဘေးရှောင်နေတဲ့ ပညာရေးဝန်ထမ်းတွေကိုလည်း မေ ၂၅ ရက်က စာထုတ်ပြီးတော့ စစ်တွေမြို့နယ်အတွင်းမှာ ရှိတဲ့ ပညာရေးဌာနတွေမှာ တွဲဖက်အနေနဲ့ လာရောက်ပြီး သတင်းပို့ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ဖိအားပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ပညာရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013