DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတက္ကသိုလ်များတွင် အဝေးသင် ကျောင်းအပ်နှံသူများ ပိုက်ဆံပိုပေးနေရ
DVB
·
June 20, 2024
စစ်ကောင်စီတက္ကသိုလ်များတွင် အဝေးသင် ကျောင်းအပ်နှံသူများ ပိုက်ဆံပိုပေးနေရ
Donate to DVB

စစ်ကောင်စီ လက်အောက်ခံတက္ကသိုလ်တွေမှာ ၂၀၂၄ ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းအပ်နှံသူတွေဟာ သတ်မှတ်ကြေးထက် ပိုက်ဆံပိုပေးနေရတယ်လို့ ကျောင်းတက်နေသူတွေက ပြောပါတယ်။

ကိုဗစ်ကာလမတိုင်ခင် အရပ်သားအစိုးရတက္ကသိုလ်ပညာရေးမှာ အဝေးသင်ကျောင်းအပ်နှံခက ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြားသာ ကျသင့်ခဲ့ပေမဲ့ စစ်ကောင်စီလက်ထက် ၂၀၂၄ ပညာသင်နှစ်မှာ ကျောင်းအပ်ခ ၂ ဆအထိ တရားဝင်မြင့်တက်သွားတာပါ။

ဒဂုံတက္ကသိုလ်အဝေးသင်အပ်နှံသူတဦးက “ကိုယ်တိုင်သွားအပ်တာ၊ ခုံနံပါတ်က ၃၀၀ ကျော်သွားပြီ။ ကျောင်းအပ်ခက ချလံမှာ ပြတာက ၄၈၀၀၀ ကျော် ကျတယ်။ မေဂျာတခုနဲ့တခုတော့ မတူဘူး။ ဖောင်ဖိုး၊ ခုံနံပါတ်ပြန်ကြည့်ခ၊ ငွေသွင်းတဲ့နေရာမှာ ၁၀၀၀ စီပေးရတာ။ Assignment ထုတ်ရင် ၁၀၀၀၊ ဖတ်စာအုပ်ထုတ်ရင် ၁၀၀၀ ထပ်ပေးရတယ်” လို့ ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီး အစောပိုင်းကာလတွေမှာ CDM ပညာရေးလှုပ်ရှားမှုတွေကြောင့် စစ်ကောင်စီတက္ကသိုလ်တွေ၊ အတန်းကျောင်းတွေမှာ ကျောင်းတက်သူ သိသိသာသာ နည်းပါးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်သွင်း လိုက်ချိန်မှာတော့ အသက်အကျုံးဝင်နေတဲ့ လူငယ်တွေဟာ ပြည်ပထွက်ခွာကြသူ‌တွေ ရှိသလို စစ်မှုထမ်းယာယီကင်းလွတ်ခွင့်ရဖို့အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသားသူ‌တွေက ကျောင်းအပ်နှံရာမှ မေဂျာတခုကို ရာနဲ့ချီ ပြန်ဖြစ်လာခဲ့တာပါ။

အဝေးသင် ကျောင်းအပ်သူတွေထဲမှာ ကိုယ်တိုင်အပ်နှံသူတွေရှိသလို တက္ကသိုလ်စာရေးတွေကို အခကြေးငွေပေးပြီး အပ်နှံသူတွေလည်း ရှိနေပါတယ်။

အဝေးသင် Assignmentတွေကို စာရေးမတွေနဲ့ ပွဲစားတွေက ကိုယ်စားရေးပေးနေကြပြီး ရေးပေးခတွေကို ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်အတွက် ကျပ် ၄၀၀၀၀ အထိ ပေးနေရသလို ပညာသင်နှစ်နဲ့ မေဂျာအလိုက် ကျုရှင်စရိတ် ၁၅၀၀၀၀ ကနေ ၂၅၀၀၀၀ အထိ ပေးနေရတယ်လို့ သိရပါတယ်။

CDM တက္ကသိုလ်ကျောင်းသူတဦးက “ယောကျ်ားလေးအများစုကတော့ စစ်မှုထမ်းခေါ်မှာ ကြောက်လို့ ရှောင်ကြတာနဲ့ စစ်ကျွန်ပညာရေးကို ပြန်တက်မယ့်သူတွေနဲ့ ရှိတာ တွေ့ရတယ်။ အာဏာရှင်ရဲ့ စစ်မှုထမ်းစာရင်းကလည်း ယောကျ်ားလေးပဲ လောလောဆယ်ဦးစားပေး ခေါ်နေတာ။ ကျောင်းသွားအပ်လိုက်မှ ကိုယ့်ရဲ့အချက်အလက်တွေကို စစ်တပ်ကို ပို့ပေးသလို ဖြစ်သွားနိုင်ပါတယ်။ စစ်မှုထမ်းတာကို ရှောင်တယ်လို့ပဲ ပြောပြောပါ၊ ဒါပေမဲ့ အခုတက္ကသိုလ်တွေမှာ မိန်းကလေးတွေကပဲ ကျောင်းပြန်အပ်နေတာလည်း ပြန်တွေ့ရပါတယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဥပဒေပါ အခန်း(၃)၊ ပုဒ်မ ၁၅(က)မှာ ပါဝင်တဲ့ အချက်တွေထဲက အချက် (၃) မှာ ပညာသင်ကြားနေသူများဟာ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါ့အပြင် ဇွန်လထဲမှာ ထွက်ရှိလာတဲ့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ထဲမှာ အဝေးသင်သင်တန်းတွေရဲ့ ကျောင်းအပ်လက်ခံရက် ထပ်တိုးမြှင့်လိုက်တာကို တွေ့ရသလို ရန်ကုန်မြို့က မြို့နယ်တွေမှာ ပြီးခဲ့တဲ့ မေလ တတိယအပတ်ကစလို့ စစ်မှုထမ်းဖို့အတွက် တက္ကသိုလ်တက်နေသူတွေကိုပါ စာရင်းကောက်ခံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013