DVB Logo
Home
နိုင်ငံတကာ
ဆော်ဒီတွင် အပူဒဏ်ကြောင့် ဘုရားဖူး ၅၀၀ ကျော် သေဆုံး
DVB
·
June 19, 2024
ဆော်ဒီတွင် အပူဒဏ်ကြောင့် ဘုရားဖူး ၅၀၀ ကျော် သေဆုံး
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ဆီ နှစ်စဉ် မွတ်စလင် ဘုရားဖူးခရီးစဉ်အတွင်း ရာချီတဲ့ ဘုရားဖူးတွေ အပူဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ သတင်းတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးဌာနတွေရဲ့ ဖော်ပြချက်တွေက ဆိုပါတယ်။

မွတ်စလင်တွေရဲ့ အမြင့်မြတ်ဆုံး ဘုရားဖူးခရီးစဉ် ဟာ့ဂ်ျမှာ သောကြာနေ့ကစတဲ့ ၂၀၂၄ ခုနှစ် ဘုရားဖူးရာသီအတွင်း လူ ၅၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သံတမန်တွေကို ကိုးကားပြီး ပြင်သစ်နိုင်ငံအခြေစိုက် AFP သတင်းဌာနက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။

သေဆုံးသူ ၃၂၃ ဦးက အီဂျစ်လူမျိုးတွေဖြစ်ပြီး အများစုက အပူနဲ့ဆက်စပ်တဲ့ ရောဂါကြောင့် သေဆုံးခဲ့ကြတာလို့ အာရပ်သံတမန် ၂ ဦးကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဘုရားဖူးခရီးစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံသား ၁၄၄ ဦး သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက အင်္ဂါနေ့မှာ ဖော်ပြထားပါတယ်။

တဲမီးလောင်မှုနဲ့ တခြားမတော်တဆမှုတွေကြောင့် ဆော်ဒီအာရေဗျနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်အတွင်း လူရာနဲ့ချီ သေဆုံးခဲ့ပြီးပါပြီ။

မက္ကာမြို့က ဂရန်းဗလီကြီးရဲ့ အရိပ်ထဲမှာ တနင်္လာနေ့က အပူချိန် ၅၁ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့တယ်လို့ ဆော်ဒီနိုင်ငံပိုင် ရုပ်မြင်သံကြားက ပြောပါတယ်။

“ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်မှုဟာ အပူဒဏ်ကို ကိုင်တွယ်ဖြေရှင်းဖို့ မဟာဗျူဟာတွေကို ကျော်လွန် အသာစီးရနေနိုင်တာကို ခရီးသွားနဲ့ ဆေးပညာဆိုင်ရာ ပညာရပ်ဂျာနယ်က ၂၀၂၄ ခုနှစ် လေ့လာမှုတရပ်မှာ တွေ့ရှိခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် အပူပိုင်း ခြောက်သွေ့တဲ့ ဆော်ဒီအာရေဗျမှာ အပူချိန်တွေ မြင့်တက်လာတာနဲ့အမျှ ဟာ့ဂ်ျဘုရားဖူးတွေဟာ အစွန်းရောက် အပူအန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ၂၀၁၉ ခုနှစ် ဘူမိရူပဆိုင်ရာ သုတေသနစာစောင်တွေက ဖော်ပြခဲ့ပါတယ်။”

ဘုရားဖူးတွေ သောက်သုံးရေ မပြတ်စေဖို့၊ နေပူဒဏ်နဲ့ အပူဒဏ်ဆိုင်ရာ အဖျားအနာတွေကို ရှောင်နိုင်ရေး ထီးသုံးဖို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ငွေကြေးတတ်နိုင်တဲ့ မွတ်စလင်တိုင်းအတွက် တသက်မှာ တကြိမ် အနည်းဆုံး မဖြစ်မနေ ထမ်းဆောင်ရမယ့် ဘာသာရေးတာဝန်လို့ ခံယူထားကြတဲ့ ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်ဟာ ဇွန် ၁၉ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။

ဆော်ဒီ အထွေထွေစာရင်းအင်းအာဏာပိုင်ရဲ့ အဆိုအရ အခုနှစ်မှာ ဘုရားဖူးဦးရေ ၁ ဒသမ ၈ သန်းကျော် လာမယ်လို့ ခန့်မှန်းထားပြီး ကမ္ဘာပေါ်မှာ အကြီးမားဆုံး စုဝေးပွဲတွေထဲက တခုလို့ သတ်မှတ်ထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013