DVB Logo
Home
အားကစား
အိမ်ရှင်ဂျာမနီအသင်း အဖွင့်ပွဲ ဂိုးပြတ်နိုင် အပါအဝင် နောက်ဆုံးရ ယူရို ၂၀၂၄ သတင်းများ
DVB
·
June 15, 2024
အိမ်ရှင်ဂျာမနီအသင်း အဖွင့်ပွဲ ဂိုးပြတ်နိုင် အပါအဝင် နောက်ဆုံးရ ယူရို ၂၀၂၄ သတင်းများ
Donate to DVB

ဂျာမနီ (၅-၁) ဂိုး စကော့တလန်

၂၀၂၄ ယူရို ဘောလုံးပြိုင်ပွဲကို ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ  စတင်ကျင်းပနေပါတယ်။

ဇွန် ၁၄ ရက်က ကစားခဲ့တဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဥ်မှာတော့ အိမ်ရှင် ဂျာမနီအသင်းဟာ စကော့တလန်နဲ့ ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးအဖွင့်ပွဲစဥ်မှာ မျက်နှာပန်းလှခဲ့ပါတယ်။ 

ဂျာမနီအသင်းဟာ စကော့တလန်နဲ့ပွဲ ပထမပိုင်းမှာပဲ ၃ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ၅-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ 

ယူရို ၂၀၂၄ ပြိုင်ပွဲအဖွင့်ဂိုးကို ဖလော်ရီယန်ဝစ်ဇ်က ပွဲချိန် ၁၀ မိနစ်မှာသွင်းယူပေးခဲ့ပြီး ပွဲစကတည်းက ဂျာမနီက စကော့တလန်ကို ဖိကစားနိုင်ပါတယ်။ 

ပထမပိုင်းပြီးခံနီးမှာ ဂန်ဒိုဂန်ကို ဖျက်ထုတ်ပုံကြမ်းခဲ့တဲ့ စကော့တလန်နောက်ခံလူ ရိုင်ယန်ပေါ်တီယက် ထုတ်ပယ်ခံခဲ့ရပြီး ပင်နယ်တီပေးခဲ့ရသလို ဒုတိယပိုင်းမှာ ကစားသမား၁၀ ဦးတည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ခရိုအေးရှား - စပိန်

ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် သမိုင်းမှတ်တိုင်သစ်တွေ စိုက်ထူနိုင်ဖို့ ကြိုးစားသွား မယ်လို့ အသင်းခေါင်းဆောင်မိုဒရစ်က ပြောပါတယ်။ 

ခရိုအေးရှားဟာ စပိန်အသင်းနဲ့ ဒီနေ့ည ကစားရမှာဖြစ်ပြီး ယူရိုအဖွင့်ပွဲစဥ်မှာ အသင်းကြီးနဲ့ တွေ့ဆုံခဲ့ရတာပါ။

မိုဒရစ်က “စပိန်လိုအသင်းကြီးတွေနဲ့ အမြဲတမ်းကစားချင်ပါတယ်။ လက်ရှိအချိန်မှာ ကျနော်တို့အ ကောင်းဆုံးပုံစံရနေလို့ ရလဒ်ကောင်းတွေရအောင် ဖန်တီးနိုင်မှာပါ” လို့ ပြောပါတယ်။ 

စပိန်နဲ့ ခရိုအေးရှားအသင်းတို့ဟာ နောက်ဆုံးခြေစမ်းပွဲ ၄ ပွဲမှာ ဆက်တိုက်အနိုင်ရထားလို့ အကြိတ်အနယ်ရှိမယ့်ပွဲပါ။ ခရိုအေးရှားဟာ စပိန်အသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ယူရိုပြိုင်ပွဲနဲ့ ဥရောပနိုင်ငံများဖလား ပြိုင်ပွဲတွေမှာ ခြေရည်တူကစားနိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ဖူးပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုကို ပရိသတ်တဦးကကွင်းထဲ ဝင်ရောက်ပွေ့ဖက် 

ပေါ်တူအသင်းခေါင်းဆောင်ရော်နယ်ဒို လေ့ကျင့်ရေးပြုလုပ်စဥ် ပရိသတ်တဦးက ကွင်းထဲ ဝင်ရောက်ပြီး ပွေ့ဖက်ခဲ့ပါတယ်။

ရော်နယ်ဒိုကို ကွင်းအတွင်း ဝင်ရောက်ပွေ့ဖက်ခဲ့တဲ့ ပရိသတ်အား လုံခြုံရေးတွေက တားဆီးခဲ့ရပါတယ်။ ပရိသတ်တဦး သူ့ဆီကို ပြေးလာခဲ့တာကြောင့် အစပိုင်းမှာ ရော်နယ်ဒိုဟာ စိုးရိမ်ခဲ့ပေမဲ့ ဒီအဖြစ်ပျက်ကို ပြုံးရယ်နေခဲ့ပါတယ်။​ 

အနောက်ဂျာမနီမှာ ပေါ်တူဂီအသင်းလေ့ကျင့်ရေးအစီအစဥ်ကို လူပေါင်းများစွာ လရောက်အားပေးခဲ့ကြပါတယ်။ 

ပေါ်တူဂီအသင်းဟာ အုပ်စု F မှာ ချက်အသင်းနဲ့ လာမယ့် ဇွန် ၁၈ ရက်နေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဟန်ဂေရီ - ဆွဇ်ဇာလန်

အုပ်စု A မှာတော့ ဟန်ဂေရီအသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ဒီနေ့ ညနေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဟန်ဂေရီအသင်းနည်းပြ မာကိုရော့ဆီကတော့ ဆွစ်ဇာလန်နဲ့ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပြီး ဒီအသင်းကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘူးလို့ ပြောပါတယ်။

ဟန်ဂရီအသင်းအဟာ တဖြည်းဖြည်းယုံကြည်မှုတွေ ပိုကောင်းလာတယ်ကြောင့် ဆွစ်ဇာလန်နဲ့ပွဲ မှာ ရလဒ်ကောင်းတွေရမယ်လို့ ယုံကြည်နေပါတယ်။ 

လက်ရှိအချိန်မှာ ဟန်ဂေရီအသင်ဟာ အကောင်းဆုံးပုံစံရနေပြီး နောက်ဆုံး ၁၁ ပွဲဆက်တိုက် ဂိုးသွင်းထားသလို နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲ ရှုံး ခြေစွမ်းပြနေတာဖြစ်ပါတယ်။​ ဆွစ်ဇာလန်အသင်းဟာ ဟန်ဂေရီနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၅-၂ နဲ့ အနိုင်ရခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013