DVB Logo
Home
မြန်မာသတင်း
မလေးရှား ချင်းဒုက္ခသည်စာသင်ကျောင်း ဝင်ရောက်ဖမ်းဆီးခံရ
DVB
·
June 15, 2024
မလေးရှား ချင်းဒုက္ခသည်စာသင်ကျောင်း ဝင်ရောက်ဖမ်းဆီးခံရ
Donate to DVB

မလေးရှားနိုင်ငံ၊ ဆာရာဘန်းမြို့က ချင်းဒုက္ခသည်ကလေးတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို မလေးရှားအာဏာပိုင်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို မလေးရှားရောက် မြန်မာနိုင်ငံသားများအရေး အကူအညီပေးနေသူတွေဆီက သိရပါတယ်။

ဇွန် ၁၃ ရက်နေ့ မလေးစံတော်ချိန် မနက် ၁၀ နာရီမှာ ဆာရာဘန်းမြို့၊ လိုပတ်ရပ်ကွက်မှာရှိတဲ့ ချင်းဒုက္ခသည် MCA ကျောင်းကို မလေးရှားအာဏာပိုင် လဝကနဲ့ ရဲတွေက ဝင်ရောက်စီးနင်းခဲ့တာပါ။

ဝင်ရောက်စီးနင်းမှုအတွင်း ဆရာ၊ ဆရာမ ၃ ယောက်၊ ကျောင်းဝန်ထမ်းအမျိုးသမီးနဲ့ သူ့ကလေးတို့ကို ဖမ်းဆီးသွားပြီး ဝန်ထမ်းသားအမိကိုတော့ ဇွန် ၁၄ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်တယ်လို သိရပါတယ်။

ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့ ACR တာဝန်ရှိသူက“ကျောင်းသားတွေကိုတော့မဖမ်းဘူး။ ဆရာ၊ ဆရာမ ၃ ဦးရယ်၊ ထမင်းချက်ရယ်၊ သူ့ကလေးရယ် ပါသွားတယ်။ နောက်ပိုင်းကျ ကလေးအမေနဲ့ ကလေးကိုတော့ ပြန်လွှတ်လိုက်ပြီး ဆရာ၊ ဆရာမတွေကိုတော့ သူတို့ ထိန်းထားသေးတယ်။ သူတို့မှာ အထောက်အထားလည်းမရှိတာကြောင့် ဖမ်းသွားတယ်” လို့ ပြောပါတယ်။

MCA စာသင်ကျောင်းဟာ ဘုရားကျောင်းနဲ့တွဲပြီး UN အကူအညီနဲ့ ဒုက္ခသည်ကလေးတွေကို စာသင်ပေးနေတာလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာ၊ ဆရာမ ၃ ယောက် ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ ဟားခါးမြို့တို့က ဖြစ်ပြီး သူတို့ကို လိန်းကိန်းလန့် (လဝက) ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးထားတယ်လို သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013