DVB Logo
Home
မြန်မာသတင်း
သွင်းအားစုစျေးကြီးမြင့်မှုကြောင့် ရခိုင်တောင်သူများ  လယ်ဧကလျှော့ချလုပ်ကိုင်
DVB
·
June 15, 2024
သွင်းအားစုစျေးကြီးမြင့်မှုကြောင့် ရခိုင်တောင်သူများ  လယ်ဧကလျှော့ချလုပ်ကိုင်
Donate to DVB

ရခိုင်ပြည်နယ်မှာ အခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွင်း သွင်းအားစုတွေ စျေးအဆမတန် မြင့်မားတာကြောင့် လယ်ယာမြေဧကတွေကို လျှော့ချလုပ်ကိုင်ကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

သွင်းအားစုတွေဖြစ်တဲ့ လောင်စာဆီနဲ့ ဓာတ်မြေသြဇာတွေဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃ ဆကနေ ၄ ဆအထိ မြင့်တက်နေတာကြောင့် လယ်ဧကတွေ လျှော့ချလုပ်ကိုင်ကြရတာ ဖြစ်တယ်လို့ မြောက်ဦးမြို့နယ်မှ တောင်သူတဦးက ပြောပါတယ်။

“ဒီနှစ် လယ်သမားတွေအတွက် အတော်ကို အခက်ခဲဖြစ်တဲ့နှစ်လို့ ပြောရမယ်။ ရေနံနဲ့ မြေသြဇာစျေးတွေက လက်လှမ်းမမီနိုင်အောင်ကို တက်နေတာ။ ရေနံက ပြီးခဲ့တဲ့နှစ်ကထက် ၄ ဆ၊ မြေသြဇာက ၃ ဆ။ ဒီစျေးတွေကြောင့် လယ် ၃ ဧကလောက် လုပ်တဲ့သူက ၂ ဧကလောက်ပဲ လုပ်နိုင်တော့တယ်။”

လတ်တလော တောင်သူတွေ ကြုံတွေ့နေရတဲ့ သွင်းအားစုစျေးနှုန်းတွေကတော့ ပြီးခဲ့တဲ့နှစ်က တ‌ပေပါကို ကျပ် ၅ သိန်းကျော်ရှိခဲ့တဲ့ ရေနံဆီဟာ လက်ရှိ တ‌ပေပါကို ကျပ်သိန်း ၂၀ ကျော်၊ ကျပ် ၁ သိန်းဝန်းကျင်ရှိခဲ့တဲ့ 50 kg မြေသြဇာတအိတ်ကို လက်ရှိ ကျပ် ၃ သိန်းကျော် စသဖြင့် အသီးသီးရှိနေပါတယ်။

သွင်းအားစုစျေးမြင့်မှုအပြင် ဝယ်ယူရ ခက်ခဲတာတွေလည်း ရှိနေပြီး လာမယ့် မိုးစပါးရိတ်သိမ်းချိန်မှာ  ဖြစ်ပေါ်မယ့် စပါးစျေးနှုန်းအတွက်လည်း စိုးရိမ်နေရတယ်လို့ မင်းပြားမြို့နယ်မှ တောင်သူတဦးက ပြောပါတယ်။

“စျေးမြင့်တဲ့အထဲ လိုချင်သလိုလည်း ဝယ်လို့မရတာ ရှိသေးတယ်။ အဓိကက မြေသြဇာပဲ။ အခုချိန်ထိ ထွန်ယက်ပြီးမြေမှာ အသုံးပြုရမယ့် မြေသြဇာမျိုး ရှာဝယ်လို့မရသေးဘူး။ ဒီအတွက်လည်း စပါးအထွက်နှုန်းကို စိုးရိမ်နေကြရသေးတယ်။ ဒီနှစ် အရင်းနှီး အရမ်းများနေတာနဲ့ အရင်လုပ်နေကျထက် ဧကတွေ လျှော့ထားတယ်။ ဒါတောင် အရင်နှစ်ကထက် ကုန်ကျငွေက ပိုများနေသေးတယ်။ လယ်သမားတွေကတော့ ဒီအရင်းအနှီးနဲ့ ထွက်လာတဲ့စပါးစျေး မကိုက်မှာကိုပဲ စိုးရိမ်နေကြတယ်။”

ရခိုင်မှာ သွင်းအားစုစျေးမြင့်မှုကြောင့် လယ်ယာမြေဧကလျှော့ချ လုပ်ကိုင်ကြတဲ့အပြင် နှစ်ဖက်တိုက်ပွဲတွေကြောင့် လယ်ယာမလုပ်ကိုင်နိုင်တဲ့ ဒေသတွေလည်း ရှိနေတဲ့အတွက် အခုနှစ် မိုးစပါးစိုက်ပျိုးဧကမှာ သိသာစွာ လျော့ကျနိုင်ကြောင်း တောင်သူလယ်သမားအရေး လုပ်ကိုင်နေသူတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013