DVB Logo
Home
မြန်မာသတင်း
စမွတ်စခွန်းတွင် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သား ၇၀ ကျော် ဖမ်းဆီးခံရ 
DVB
·
June 13, 2024
စမွတ်စခွန်းတွင် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သား ၇၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်းခရိုင်၊ ကထုန့်ဘဲန်မြို့ရှိ အလုပ်ရုံတရုံမှာ ဇွန် ၁၂ ရက်က  အထောက်အထားမပြည့်စုံတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၂ ဦး ဖမ်းဆီးခံရတယ်လို့ Naewna  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကထုန့်ဘဲန်မြို့ ခဲလိုင်းရပ်ကွက်ထဲက အလုပ်ရုံတရုံမှာ တရားမဝင်အလုပ်သမားတွေ အများအပြား ခန့်ထားကြောင်း  ခရိုင်အုပ်ချုပ်ရေးရုံး ပြည်သူ့ဟစ်တိုင်ဌာနကို တိုင်ကြားစာရောက်လာလို့ မြို့နယ်အုပ်ချုပ်ရေးရုံး၊ လဝကရဲတပ်ဖွဲ့နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့က မနေ့က  အလုပ်ရုံကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

စစ်ဆေးချက်အရ ဥပဒေနဲ့မညီညွတ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၂ ဦးရှိပြီး အဲဒီထဲက ၄၅ ဦးမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ နေထိုင်ခွင့်အထောက်အထား တစုံတရာမရှိတာ၊ နောက် ၂၇ ဦးမှာ အထောက်အထားရှိပေမဲ့ အလုပ်ရှင်အမည်နဲ့ အလုပ်နေရာလိပ်စာပြောင်းကြောင်း  ရက်ပေါင်း ၆၀ အတွင်း သတင်းပို့တာကို ပျက်ကွက်တာကြောင့် သူတို့အထောက်အထားတွေ လည်း သက်တမ်းကုန်ဆုံးသွားတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ အဲဒီစက်ရုံမှာ နေ့တွက်လုပ်အားခ တနေ့ ၃၆၃ ဘတ်နှုန်းနဲ့ ဝင်လုပ်နေတာဖြစ်ပြီး ရောက်လာတာတော့ ၁ လ လောက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ အခုလို အဖမ်းခံရပေမဲ့ ဘယ်သူကမှ အလုပ်ရှင်၊ ကုမ္ပဏီပိုင်ရှင်အဖြစ် လာရောက်ဝန်ခံထားတာ မရှိတာကြောင့် သက်ဆိုင်ရာကို လူကိုယ်တိုင်လာရောက် သတင်းပို့ဖို့ ဆင့်ခေါ်စာပို့ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ 

အဆိုပါအလုပ်ရှင်အနေနဲ့ တရားမဝင်အလုပ်သမားငှါးရမ်းခန့်ထားမှုနဲ့ အရေးယူခံရမှာဖြစ်ပြီး အထောက်အထားမဲ့ အလုပ်သမားတွေဟာလည်း တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်မှုတွေနဲ့ အရေးယူခံရမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

Source: Naewna 

Photo: Naewna 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013