DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-လက်ဘနွန် တင်းမာမှု အရှိန်လျှော့ရန် အမေရိကန် တိုက်တွန်း
DVB
·
June 13, 2024
အစ္စရေး-လက်ဘနွန် တင်းမာမှု အရှိန်လျှော့ရန် အမေရိကန် တိုက်တွန်း
Donate to DVB

အမေရိကန်စစ်တပ်ဟာ အစ္စရေးနဲ့ လက်ဘနွန်တို့အကြား တင်းမာမှုတွေ တိုးမြင့်လာတာကို အရှိန်လျှော့ဖို့ ဇွန် ၁၂ ရက်က တိုက်တွန်းခဲ့ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်ကလည်း ဇွန် ၁၂ ရက်ကပဲ အစ္စရေး ကာကွယ်ရေးဝန်ကြီးနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အဲဒီကိစ္စရပ်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒေသတွင်း ပဋိပက္ခတွေ ပိုကျယ်ပြန့်လာတာကို မမြင်ချင်ဘဲ ဒေသတွင်း တင်းမာမှုတွေ လျော့သွားတာကို တွေ့မြင်ချင်ပါတယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာ ဆင်းန် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး တာလက်ဘ် အဗ္ဗဒလ္လာ သေဆုံးသွားပြီးနောက်မှာ ဟစ်ဇ်ဘိုလာတပ်ဖွဲ့က အစ္စရေးကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ပြင်းထန်မှု၊ အင်အားနဲ့ ပမာဏတို့ကို တိုးမြှင့်သွားမယ်လို့ ဟစ်ဇ်ဘိုလာအရာရှိ ဟာရှမ် ဆာဖီယက်ဒင်က ဇွန် ၁၂ ရက်မှာ  အဗ္ဗဒလ္လာရဲ့ ဈာပနအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဒီသေဆုံးမှုကို လက်တုံ့ပြန်တဲ့ တစိတ်တပိုင်းအဖြစ် ဟစ်ဇ်ဘိုလာအဖွဲ့ဟာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ၈ လတာမှာ တရက်တည်းအတွင်း ဒုံးကျည်အရေအတွက် အများဆုံး  အစ္စရေးကို ပစ်ခတ်ခဲ့ပါတယ်။

ဇွန် ၁၁ ရက်က လက်ဘနွန်တောင်ဘက်ရှိ Jouaiyya ဂျိရွာကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အဘူ တာလက်ဘ်လို့ လူသိများတဲ့ အကြီးတန်း နယ်မြေတပ်မှူး တာလက်ဘ် အဗ္ဗဒလ္လာနဲ့အတူ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၃ ဦး သေဆုံးခဲ့ကြောင်း အစ္စရေးနဲ့ လက်ဘနွန်ရှိ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သူဟာ ၈ လကြာ ပစ်ခတ်မှုတွေအတွင်း သေဆုံးခဲ့တဲ့ ဟစ်ဇ်ဘိုလာရဲ့ စီနီယာအကျဆုံး တပ်မှူးလည်း ဖြစ်ကြောင်း သတင်းရင်းမြစ်တွေထဲမှ တဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ဂါဇာစစ်ပွဲ ဖြစ်ပွားပြီးကတည်းက ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ဟာ အပြန်အလှန် တိုက်ခိုက်ပစ်ခတ်မှုတွေ လုပ်နေတာဖြစ်ပြီး စစ်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်လာကာ အင်အားကြီး လက်နက်ကိုင် ရန်ဘက်တွေအကြား ဒီထက်ပိုပြင်းထန်တဲ့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013