DVB Logo
Home
အားကစား
ဂျာမနီအသင်း လေ့ကျင့်စဉ်  နောက်ခံလူ ရူဒီဂါနှင့် တိုက်စစ်မှူး ဖူလ်ခရတ်ဂ်တို့ ရန်ပွဲဖြစ်
DVB
·
June 11, 2024
ဂျာမနီအသင်း လေ့ကျင့်စဉ်  နောက်ခံလူ ရူဒီဂါနှင့် တိုက်စစ်မှူး ဖူလ်ခရတ်ဂ်တို့ ရန်ပွဲဖြစ်
Donate to DVB

ယူရို ၂၀၂၄ အိမ်ရှင် ဂျာမနီအသင်းရဲ့ လေကျင့်ရေးအစီအစဉ်မှာ နောက်ခံလူ ရူဒီဂါနဲ့ တိုက်စစ်မှူး ဖူလ်ခရတ်ဂ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် နောက်ခံလူဟာ ဒေါ့မွန် တိုက်စစ်မှူးဖူလ်ခရတ်ဂ်ကို လူကပ်ကစားရာမှာ အကြိမ်ကြိမ် လှဲချခဲ့တာကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ရတာပါ။

ဒေါသထွက်ခဲ့တဲ့ တိုက်စစ်မှူး ဖူလ်ခရတ်ဂ်ကို ဂျာမနီနည်းပြအဖွဲ့ဝင်တဦးနဲ့ အသင်းဖော်တွေက ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဂျာမန်ကစားသမားနှစ်ဦးဟာ ဥရောပ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မိခင်ကလပ်တွေမှာ ပွဲထွက်ကစားခဲ့ကြသူတွေပါ။ လူမည်းနဲ့ လူဖြူ ခွဲခြားမှုတွေကြောင့် ပွတ်လောရိုက်နေတဲ့ အိမ်ရှင် ဂျာမနီအသင်းမှာ ရူဒီဂါနဲ့ ဖူလ်ခရတ်ဂ်တို့ ခိုက်ရန်ဖြစ်ပွားမူကလည်း ဝေဖန်စရာတခု ဖြစ်သွားခဲ့ရပါတယ်။

ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းမှာ လူဖြူကစားသမားတွေကိုသာ ရွေးချယ်ဖို့ ဂျာမန်ပရိသတ် ၂၁ ရာခိုင်နှုန်းအထိ ဆန္ဒမဲပေးခဲ့တယ်လို့ သိရပါတယ်။ 

အငြင်းပွားဖွယ်ရာ အဆိုပါစစ်တမ်းကို လူ့အခွင့်အရေးအဖွဲ့အစည်းတခုကနေ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကောက်ခံခဲ့တာပါ။

အဲဒီစစ်တမ်း အပါအဝင် ဂျာမနီနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုအခြေအနေကို မှတ်တမ်းရုပ်ရှင်ရိုက်ခဲ့ပြီး ဇွန် ၅ ရက်က  ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဂျာမနီဘောလုံးအသင်းခေါင်းဆောင် ဂွမ်ဒိုဂမ်ကတော့ လူဖြူ ကစားသမားတွေကို ရွေးချယ်ဖို့ မဲပေးတဲ့အထဲက ဂျာမန်ပရိသတ် ၂၁ ရာခိုင်နှုန်းအထိ ရှိနေတဲ့အပေါ် အံ့အားသင့်မိတာမျိုး မရှိကြောင်း၊ အဲဒီလို လူမျိုးရေးခွဲခြားမှုတွေဟာ နောက်ထပ်  ၁၀ နှစ် လောက်အထိ ရှိနေနိုင်ပြီး လူမျိုးရေးခွဲခြားမှု ပပျောက်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဂျာမနီအစိုးရကိုယ်တိုင်က မွတ်စလင်တွေကို ခွဲခြားဆက်ဆံတာတွေနဲ့ လူမျိုးရေး ခွဲခြားတာတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013