DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၅ မြို့နယ်၌ စစ်ကောင်စီက လျှပ်စစ်မီးဖြတ် 
DVB
·
June 10, 2024
စစ်ကိုင်းတိုင်း ၅ မြို့နယ်၌ စစ်ကောင်စီက လျှပ်စစ်မီးဖြတ် 
Donate to DVB

စစ်ကိုင်းတိုင်းအတွင်းက စစ်ရေးမတည်ငြိမ်တဲ့ မြို့နယ် ၅ မြို့နယ်ကို စစ်ကောင်စီတပ်က လျှပ်စစ်မီးလိုင်းတွေ ဖြတ်တောက်ထားလို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ဒုတိယအပတ်ကစပြီး စစ်ကိုင်းတိုင်းက ရေဦး၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ၅ ခုမှာ လျှပ်စစ်မီး ဖြတ်တောက်ထားတာပါ။

People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား) က “လျှပ်စစ်မီးလိုင်းတွေ ဖြတ်တောက်ထားတာ ရက် ၂၀ ကျော်ပြီ၊ ရွှေဘိုကနေ ဖြတ်ထားတာ ၅ မြို့နယ်ပေါ့နော်။ မြို့နယ်အတွင်းက ပြည်သူတွေက လျှပ်စစ်မီးရမှ ရေတင် ထမင်းချက်ရတာ ဆိုတော့ ခက်ခဲတာပေါ့။ စစ်ကြောင်းကြောင့်လည်း ဒုက္ခရောက်ရတယ်၊ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပါ ဖြတ်တောက်ထားတော့ ပြည်သူတွေက ပိုပိုပြီး ကျပ်တည်းလာတယ်” လို့ ပြောပါတယ်။

လျှပ်စစ်မီးမရရှိတဲ့အတွက် ဒေသတွင်းက အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်းရပ်ဆိုင်းထားရပြီး ဒေသခံတွေရဲ့ နေ့စဉ်လူမှုဘဝမှာလည်း အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ရေဦးဒေသခံတဦးက “ရွှေဘိုက စစ်သားတွေက ဖြတ်တာ၊ သူတို့အချင်းချင်း ညှိလို့မရတာပေါ့။ မြို့ပေါ်တွေကအစ မီးမပေးဘူး။ မြို့ပေါ်တွေ မီးမလင်းတဲ့အတွက် ရွာတွေလည်း မီးမလင်းဘူး။ ငွေရေးကြေးရေးလည်း တောင်းခံနေတာပေါ့နော်။ ရွှေဘိုကနေ ရေဦးနယ် မီးလင်းဖို့ ခင်ဦးနယ် မီးလင်းဖို့ သိန်း ၅၀၀ မျိုး သိန်း ၃၀၀ မျိုး တောင်းနေတာကြားရတယ်” လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းက ကျေးရွာ ၁၄ ရွာကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီးပေးနိုင်ပြီလို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။

တန့်ဆည်မြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက ကျေးရွာ ၅ ရွာမှာ အထိုင်ချ တပ်စွဲပြီး စစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာပေါင်း ၂၀ မှ ပြည်သူ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013