DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို အာဏာရညွန့်ပေါင်း လွှတ်တော် ၂ ရပ်လုံး အပြတ်အသတ်နိုင်၊ အခြေခံဥပဒေပြင်နိုင်ရန် နီးစပ်
DVB
·
June 10, 2024
မက္ကဆီကို အာဏာရညွန့်ပေါင်း လွှတ်တော် ၂ ရပ်လုံး အပြတ်အသတ်နိုင်၊ အခြေခံဥပဒေပြင်နိုင်ရန် နီးစပ်
Donate to DVB

မက္ကဆီကို အာဏာရ မိုရီနာပါတီနဲ့ မဟာမိတ်တွေဟာ အောက်လွှတ်တော်ရွေးကောက်ပွဲမှာ  Super Majority လို့ခေါ်တဲ့ အမတ် ၃ ပုံ ၂ ပုံကျော်အထိ အနိုင်ရခဲ့ပြီး အထက်လွှတ်တော်မှာလည်း ၃ ပုံ ၂ ပုံ ပြည့်ဖို့ ၂ ယောက်ပဲ လိုခဲ့တယ်လို့ ပါတီဥက္ကဋ္ဌက ဇွန် ၉ ရက်မှာ အတည်ပြုပါတယ်။

အခြေခံဥပဒေပြင်ဆင်နိုင်ဖို့အတွက် လွှတ်တော် ၂ ရပ်စလုံးမှာ ထောက်ခံသူ ၃ ပုံ ၂ ပုံကျော်ရဖို့ လိုအပ်ပါတယ်။

ဇွန် ၂ ရက် ရွေးကောက်ပွဲမဲရလဒ်တွေအရ သမ္မတရွေးရာမှာလည်း အာဏာရပါတီမှ ကလော်ဒီယာရှိန်းဘောင်းက အပြတ်အနိုင်ရပြီး ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မှာပါ။

မိုရီနာပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းမှာ ဂရင်းပါတီနဲ့ လေဘာပါတီတို့ ပါဝင်ပြီး အောက်လွှတ်တော်အမတ် ၅၀၀ မှာ ၃၇၂ နေရာတောင် ရခဲ့တာဖြစ်ပါတယ်။

အထက်လွှတ်တော်မှာတော့ ၁၂၈ နေရာမှာ ၈၃ နေရာနိုင်ပြီး ၃ ပုံ ၂ ပုံပြည့်ဖို့ ၂ ယောက်ပဲ လိုတာဖြစ်ပြီး ဒီအခြေအနေမှာ အမတ် ၂ ယောက်လောက် ဆွဲဆောင်နိုင်မယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ တကယ်ဖြစ်လာဖို့ ရှိနေပါတယ်။

မိုရီနာပါတီဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို အာဏာပိုပေးတာ၊ တရားရုံးချုပ် တရားသူကြီးတွေကို လူထုဆန္ဒနဲ့ တင်မြှောက်တာမျိုးတွေ လုပ်ဖို့  အခြေခံဥပဒေ ပြင်ဆင်ချင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိဥပဒေအရ သမ္မတတယောက်ဟာ ၆ နှစ်သက်တမ်းပဲ ထမ်းဆောင်ခွင့်ရတဲ့အတွက် လူကြိုက်များတဲ့ သမ္မတ အိုဘရာဒေါဟာ ရာထူးက ဆင်းပေးခဲ့ရတဲ့အတွက် ဒီအချက်ကို ပြင်မလား ဆိုတာလည်း စောင့်ကြည့်ရပါမယ်။ လွှတ်တော်သစ်ကိုတော့ စက်တင်ဘာလမှာ စတင်ခေါ်ယူမှာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013