DVB Logo
Home
မြန်မာသတင်း
ဘုတလင်​တိုက်ပွဲတွင် စစ်သား ၅ ဦးသေ၊ PDF ရဲဘော် ၁ ဦးကျဆုံး
DVB
·
June 9, 2024
ဘုတလင်​တိုက်ပွဲတွင် စစ်သား ၅ ဦးသေ၊ PDF ရဲဘော် ၁ ဦးကျဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ ဇွန် ၆ ရက်နေ့ မနက်စောပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံး၊ ၁၀ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Budalin Mobile Team ဆီကနေ သိရပါတယ်။

Budalin Mobile Team ရဲ့ တာ၀န်ခံတယောက်က “ခွေးအင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက ဘုတလင်မြို့ရဲ့မြောက်ဘက်ကို စစ်ကြောင်းထွက်လာပြီးတော့ ခွေးကျင့်ခွေးကြံအတိုင်း ဘုန်းကြီးလမ်းခွဲက ဇရပ်နဲ့ စျေးဆိုင်တွေကို မီးရှို့ပြီး နှောရင်းရွာအနောက်ဘက်နားမှာ ကျနော်တို့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို အထိုက်အလျောက် ကာကွယ်နိုင်မယ့် ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ်တွေ လိုအပ်နေသေးတဲ့အတွက် ပြည်သူလူထုကြီးအနေနဲ့ ပံ့ပိုးကူညီကြပါဦးလို့ တဆက်တည်းမေတ္တာရပ်ခံပါရစေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသလို စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ ၄၀ မမ ဗုံးသီး ထိမှန်ခဲ့တာကြောင့် ဘုတလင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ပြီး Budalin Mobile Team က ရဲဘော် ၂ ယောက်ဟာလည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

Budalin Mobile Team-BMT ရဲ့ ​ရဲဘော်တယောက်က “ဘုတလင်မြို့နယ်ထဲက အ.ထ.က ကျောင်း၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေထဲမှာ တပ်စွဲထားပြီး စစ်ကောင်စီတပ်သားတွေဟာ ဒီ ဘုတလင်မြို့ဝန်းကျင်က ရွာတွေထဲကို ဝင်ရောက်စီးနင်းပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို မတရားဖမ်းဆီးတာတွေ လုပ်နေတယ်။ အခု ခွေးစစ်ကြောင်းကလည်း အဲဒီက ခွေးတွေပဲ။ မြို့ထဲက ပြည်သူကို နှိပ်စက်လိုက် ရွာတွေက ပြည်သူတွေကို ဒုက္ခပေးလိုက် လုပ်နေတာ” လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ Budalin Mobile Team-BMT၊ Depeyin Local Mobile Team (DLMT)၊ မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်း BOB-Batallion Of Budalin နဲ့ ဘုတလင်မြို့နယ်ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်၊ နှောယင်းရွာအနီးမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နှောယင်းကျေးရွာက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013