DVB Logo
Home
အားကစား
ကမ္ဘာ့အဆင့် ကွာဟချက်များသည့် မြန်မာအသင်းကို လျှော့မတွက်ဟု ဂျပန်အသင်းနည်းပြပြော
DVB
·
June 6, 2024
ကမ္ဘာ့အဆင့် ကွာဟချက်များသည့် မြန်မာအသင်းကို လျှော့မတွက်ဟု ဂျပန်အသင်းနည်းပြပြော
Donate to DVB

ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကွာဟတဲ့ မြန်မာအသင်းကို ဂျပန်အသင်းနည်းပြက လျှော့တွက်ထားခြင်းမရှိဘဲ ခက်ခဲစွာ ကစားရမယ်လို့ ပြောပါတယ်။

ကမ္ဘာ့အဆင့် ၁၈ မှာ ရပ်တည်နေတဲ့ ဂျပန်အသင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၆ ရက်က မြန်မာအသင်းကို အိမ်ကွင်းမှာ ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

ဂျပန်အသင်းဟာ ဒုတိယအကျော့အုပ်စုပွဲစဉ်အဖြစ် ဇွန် ၆ ရက်ဒီကနေ့ညနေ ကမ္ဘာ့အဆင့် ၁၆၃ က မြန်မာအသင်းနဲ့ ရန်ကုန်မြို့က သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။

အဲဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာ နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့တုန်းကလည်း ခက်ခဲတဲ့ပွဲစဉ် ဖြစ်ခဲ့တယ်လို့ ဂျပန်နည်းပြ မိုရီယာဆုက ပြောပါတယ်။

၂၀၁၉ စက်တင်ဘာ ၁၀ ရက်တုန်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအသင်းက ဂျပန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာမှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။

ဂျပန်အသင်းမှာ ဥရောပကလပ်တွေမှာ ကစားနေတဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ အာဆင်နယ် နောက်ခံလူ တိုမီယာဆု၊ လီဗာပူးကွင်းလယ်လူ အန်ဒို၊ မိုနာကိုက မီနာမီနို၊  ရီးယဲလ်ဆိုစီဒက်က ကူဘို အစရှိသဖြင့် ပါဝင်လာတာ ဖြစ်ပါတယ်။

ဂျပန်နဲ့ပွဲစဉ်မှာ မြန်မာအသင်းနည်းပြ ဖက်ချ်တန်ဘိုင်နာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင် ကြီးကြပ်နိုင်မှာမဟုတ်ပါဘူး။

မြန်မာအသင်း ပါဝင်တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်အုပ်စု B မှာ ဂျပန်အသင်းက ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်နဲ့ ဦးဆောင်နေပြီး ဆီးရီးယားက ဒုတိယ၊ မြောက်ကိုရီးယားက တတိယ၊ မြန်မာအသင်းက ရမှတ် ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။

လက်ကျန် ၂ ပွဲအလိုမှာ ဂျပန်အသင်းက နောက်တဆင့် တက်ရောက်သွားပြီဖြစ်ပြီး ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့က လက်ကျန်တနေရာအတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013