DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက်မြန်မာဒုက္ခသည်အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး ဆွေးနွေး
DVB
·
June 5, 2024
မလေးရှားရောက်မြန်မာဒုက္ခသည်အရေး ကုလလူ့အခွင့်အရေးမဟာမင်းကြီး ဆွေးနွေး
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ကာတပ်ခ်ဟာ မလေးရှားရောက် မြန်မာ ဒုက္ခသည်တွေ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ ဆုံဆွေး‌နွေးခဲ့တယ်လို့ ဇွန် ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံမှုမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ အာဆီယံ အပေါ် မြင့်မြင့်မားမား မျှော်လင့်နေကြကြောင်းနဲ့ မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမဲ့ ကာလအတွင်း ‌ဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြော လိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူဦးရေ ၃ သန်းကျော်လာခဲ့ပြီး လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ သိသိသာသာ လိုအပ်နေတဲ့အပြင် အကြမ်းဖက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အဆုံးသတ်ဖို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် မြန်မာဘက်က ဒုက္ခသည် တွေကိုလည်း လက်ခံထားခဲ့တာ ဖြစ်ပါတယ်။ 

ခုလတ်တလော မြန်မာနိုင်ငံက မတူကွဲပြားတဲ့ ဒုက္ခသည်အဖွဲ့တွေနဲ့ မလေးရှားအစိုးရ အရာရှိတွေနဲ့ ဆွေးနွေးရာမှာတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အရပ် သားတွေကို အကာအကွယ်ပေးဖို့ ရှေ့တန်းက ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံက လက်ရှိ အကျပ်အတည်း ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အာဆီယံအနေနဲ့ မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနေတယ် ဆိုတာ ထင်ရှားနေပြီး ထိန်းမရတဲ့ အခြေအနေတခုအတွက် အရေးတကြီး အဖြေရှာဖို့ လိုအပ်မှုကို မျက်ခြေမပြတ်ဘဲ အနာဂတ် အာဆီယံဥက္ကဋ္ဌ အဖြစ် မလေးရှားရဲ့ ဦးဆောင်မှု အခန်းကဏ္ဍဟာ အဓိက ကျလာမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးဟာ လက်ရှိ အာဆီယံဥက္ကဋ္ဌအနေနဲ့ တာဝန် ယူထားတဲ့ လာအိုနိုင်ငံနဲ့လည်း ခုသီတင်းပတ်ထဲမှာ တွေ့ဆုံဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013