DVB Logo
Home
အားကစား
ပေါလ်စခိုး၊ ဂျရတ်နှင့် လမ်းပတ်တို့ထဲက အကောင်းဆုံးကစားသမားကို ဝိန်းရွန်းနီ ရွေးချယ်
DVB
·
June 3, 2024
ပေါလ်စခိုး၊ ဂျရတ်နှင့် လမ်းပတ်တို့ထဲက အကောင်းဆုံးကစားသမားကို ဝိန်းရွန်းနီ ရွေးချယ်
Donate to DVB

ပရီးမီးယားလိဂ် ဂန္ထဝင်ကွင်းလယ်ကစားသမားတွေ ဖြစ်ကြတဲ့ ပေါလ်စခိုး၊ ဂျရတ်နဲ့ လမ်းပတ်တို့ထဲက အကောင်းဆုံးကစားသမားကို ဝိန်းရွန်းနီက ရွေးချယ်သွားပါတယ်။

ရွန်းနီဟာ ပေါလ်စခိုးနဲ့ ကလပ်အသင်းမှာ တွဲဖက်ကစားခဲ့ရသလို ဂျရတ်၊ လမ်းပတ်တို့နဲ့လည်း အင်္ဂလန်အသင်းမှာ တွဲဖက်ကစားခဲ့သူပါ။

အဲဒီဂန္ထဝင်ကွင်းလယ်ကစားသမားသုံးဦးဟာ ကွဲပြားခြားနားတဲ့ ကစားသမားတွေဖြစ်ပြီး အားလုံးကို ခြုံပြီးကြည့်ရင်တော့ စတီဗင်ဂျရတ်က အကောင်းဆုံးကစားသမား ဖြစ်တယ်လို့ ဝိန်းရွန်းနီက ပြောပါတယ်။

ဂျရတ်ဟာ ခံစစ်ကစားနိုင်ပြီး ဘောလုံးပေးပို့မှုတွေနဲ့ လိမ်ခေါက်ကျော်ဖြတ်မှုတွေ အပါအဝင် တည်ကန်ဘောတွေလည်း ကောင်းပြီး သွင်းဂိုးတွေလည်း သွင်းယူနိုင်တဲ့သူ ဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။

ဂိုးသွင်းယူနိုင်မှု တခုတည်းကို  ကြည့်ရင်တော့ ဖရန့်လမ်းပတ်က အကောင်းဆုံးဖြစ်ပြီး ပေါလ်စခိုးကတော့ နေရာစုံကစားဖူးသူဖြစ်လို့ အသင်းနဲ့ အံဝင်အောင် ကစားရာမှာ အကောင်းဆုံးဖြစ်တယ်လို့ ရွန်းနီက ပြောပါတယ်။

ဒါပေမဲ့ ပေါလ်စခိုး နေရာကို ဂျရတ် ဝင်ကစားနိုင်စွမ်းရှိပေမယ့် ဂျရတ် နေရာကိုတော့ ပေါလ်စခိုး ဝင်ကစားနိုင်မယ်လို့ မထင်ကြောင်း ရွန်းနီက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013