DVB Logo
Home
အားကစား
ဘိုင်ယန်အသင်းကို ရဲရင့်ပြီး တိုက်ရည်ခိုက်ရည်ရှိအသင်းအဖြစ် တည်ဆောက်မည်ဟု ကွန်ပနီပြော
DVB
·
May 31, 2024
ဘိုင်ယန်အသင်းကို ရဲရင့်ပြီး တိုက်ရည်ခိုက်ရည်ရှိအသင်းအဖြစ် တည်ဆောက်မည်ဟု ကွန်ပနီပြော
Donate to DVB

ဘိုင်ယန်မြူးနစ်အသင်းကို ရဲရင့်ပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့အသင်းအဖြစ် တည်ဆောက်သွားမယ်လို့ နည်းပြသစ်ဗင်းဆင့်ကွန်ပနီက ပြောသွားပါတယ်။

ဘယ်လ်ဂျီယံနောက်ခံလူဟောင်းဟာ ပရီးမီးယားလိဂ်မှာ ဘန်လေအသင်းကို ကိုင်တွယ်ပြီး တန်းဆင်းသွားစေခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူခန့်အပ်ခဲ့တာပါ။

အသင်းနဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာတော့ ဘိုင်ယန်ကစားသမားတွေကို ဘောလုံးနဲ့အတူ ရဲရင့်စွာကစားနိုင်ဖို့နဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့အသင်းအဖြစ် တည်ဆောက် သွားမယ်လို့ ပြောပါတယ်။

ပွဲစဉ်တိုင်းကိုအနိုင်ရဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မြူးနစ်ကွင်းမှာလက်ခံကျင်းပမှာက အသင်းအတွက် စိတ်အားတက်ကြွစေကြောင်း နည်းပြ ကွန်ပနီက ပြောသွားပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013