DVB Logo
Home
နိုင်ငံတကာ
ဆေးရွက်ကြီးနှင့်ဆေးလိပ်လုပ်ငန်းများက မျိုးဆက်သစ်လူငယ်များကို ပစ်မှတ်ထား ဆွဲဆောင်နေ
DVB
·
May 29, 2024
ဆေးရွက်ကြီးနှင့်ဆေးလိပ်လုပ်ငန်းများက မျိုးဆက်သစ်လူငယ်များကို ပစ်မှတ်ထား ဆွဲဆောင်နေ
Donate to DVB

ဆေးရွက်ကြီးနဲ့ ဆေးလိပ်လုပ်ငန်းတွေဟာ အဆိပ်ရှိတဲ့ ဆေးရွက်ကြီးနဲ့ နီကိုဒင်းဓာတ်တွေ ပါဝင်တဲ့ ကုန်ပစ္စည်းတွေကို မျိုးဆက်သစ်လူငယ်တွေ တသက်တာ စွဲလမ်းလာအောင်  နည်းလမ်း အမျိုးမျိုးနဲ့ ဆွဲဆောင်နေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နဲ့ ဆေးရွက်ကြီးနဲ့ ဆေးလိပ်လုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ STOP တို့က အစီရင်ခံစာထုတ်ပြန် ပါတယ်။

“Hooking the next generation: how the tobacco industry captures young customers” လို့ အမည်ပေးထားတဲ့ လူငယ်တွေ ဆေးလိပ်စွဲအောင် လုပ်ကိုင်နေကြတဲ့ အကြောင်းရေးသား ပြုစုထားတဲ့ အစီရင်ခံစာထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။       

ဆေးလိပ်ကြောင့် နှစ်စဉ် လူ ၈ သန်း သေဆုံးနေရတာဟာ အဆိပ်တွေပါဝင်တဲ့ သူတို့ရဲ့ကုန်ပစ္စည်း တွေကို မနားမနေ ရောင်းချနေကြတဲ့ လုပ်ငန်းရှင်တွေကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။  

အရွယ်မရောက်သေးတဲ့ ကလေးတွေ အီးစီးကရက် သောက်သုံးသုံးမှုဟာ အရွယ်ရောက်ပြီးသူတွေ သောက်သုံးမှုထက် ပိုများလာနေပြီး ကမ္ဘာတဝန်း အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အရွယ် ခန့်မှန်းခြေ  ၃၇ သန်းလောက်ဟာ ဆေးရွက်ကြီးနဲ့ ဆက်စပ်ထုတ်လုပ်တာတွေကို သောက်သုံးနေကြတယ်လို့ ဖော်ပြထားပါတယ်။

ဆေးရွက်ကြီးနဲ့ ဆေးလိပ်ကုမ္ပဏီတွေဟာ ကလေးတွေကြိုက်တတ်တဲ့ ကာတွန်းဒီဇိုင်းတွေနဲ့ ထုတ်လုပ်တာ၊ ကျောင်းတွေအနီး ရောင်းချတာ၊ ကလေးမြင်တဲ့ နေရာတွေမှာ ပြထားတွေအပြင် သူတို့ဈေးကွက်ကို လူမှုကွန်ရက်အပါအဝင်၊ တိုက်ရိုက်ထုတ်လွှင့်မှု အစီစဉ်တွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေကနေတဆင့် လူငယ်တွေကို ဆွဲဆောင်ရောင်းချနေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆေးရွက်ကြီးနဲ့ ဆက်စပ်ထုတ်လုပ်တဲ့ စီးကရက်၊ ဆေးလိပ်စတဲ့ အရာတွေကို သုံးစွဲနေသူ ကမ္ဘာမှာ သန်း ၁၂၀၀ ကျော်ရှိတယ်လို့ ခန်းမှန်းရပြီး အဲဒီထဲမှာ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲတဲ့သူတွေ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဆေးရွက်ကြီးနဲ့ဆက်စပ် စီးကရက်၊ ဆေးလိပ်စတာတွေအသုံးပြုမှု အများဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ မြန်မာနိုင်ငံဟာ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာမှာ ဆေးရွက်ကြီးနဲ့ ဆက်စပ်ပစ္စည်း အသုံးပြုမှု အများဆုံးက နာရူးကျွန်းနိုင်ငံ ဖြစ်ပြီး လူဦးရေရဲ့ ၄၈ သန်းခွဲဟာ သုံးစွဲကြကြောင်း၊ ဒုတိယအများဆုံးက မြန်မာနိုင်ငံဖြစ်ကာ လူဦးရေရဲ့ ၄၄ ဒသမ ၁ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်သုံးကြတယ်လို့ ဆိုပါတယ်။ 

ကီရီဘာကီ၊ ဆားဘီးယား၊ ပါပူအာနယူးဂီနီ၊ အရှေ့တီမော၊ ဘူလ်ဂေးရီးယား၊ လက်ဘနွန်၊ အင်ဒိုနီးရှားနဲ့ လတ်ဗီးယားနိုင်ငံတွေဟာလည်း ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု အများဆုံးနိုင်ငံတွေ ဖြစ်ပါတယ်။

အခု ၂၀၂၄ ခုနှစ် မေ ၃၁ ရက် ကမ္ဘာ့ဆေးရွက်ကြီးနှင့် ဆေးလိပ်ကင်းစင်ရေးနေ့ကိုတော့ ဆေးရွက်ကြီး ထုတ်ကုန်တွေဖြစ်တဲ့ စီးကရက်၊ ဆေးလိပ် စတဲ့ ဈေးကွက် ဆွဲဆောင်တဲ့နည်းလမ်းတွေကို အစိုးရတွေအနေနဲ့ တားဆီးပေးဖို့ တိုက်တွန်းဆောင်ရွက်နေတဲ့ လူငယ်တွေအတွက် အထူးနေရာပေးပြီး ကျင်းပသွားဖို့ရှိပါတယ်။

ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ ၈ သန်းလောက်က ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ အစရှိတဲ့ ရောဂါတွေနဲ့ အရွယ်မတိုင်မီ စောစီးစွာ သေဆုံးနေကြပါတယ်။

ဒီလိုရောဂါခံစားရသူတွေထဲမှာ လူပေါင်း ၁ သန်းလောက်က တပါးသူ သောက်သုံးတဲ့  ဆေးလိပ်ငွေ့ကြောင့် ရောဂါတွေဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးကြရလေ့ရှိပါတယ်။

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013