DVB Logo
Home
မြန်မာသတင်း
ထိုင်းကွန်ဒိုဝယ်ယူမှုတွင် မြန်မာ ဒုတိယအများဆုံးဖြစ်လာ
DVB
·
May 28, 2024
ထိုင်းကွန်ဒိုဝယ်ယူမှုတွင် မြန်မာ ဒုတိယအများဆုံးဖြစ်လာ
Donate to DVB

ထိုင်းကွန်ဒိုဈေးကွက်ဟာ ပြည်ပဝယ်လိုအားအပေါ် မှီခိုနေရပြီး ပထမသုံးလပတ် ရောင်းအားဟာ အဓိကအားဖြင့် ပြည်ပဝယ်သူတွေကြောင့် သမိုင်းမှာ ရာနှုန်းအားဖြင့် အမြင့်ဆုံး တက်လာခဲ့တယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

၂၀၂၄ ပထမသုံးလပတ် ထိုင်းကွန်ဒိုဝယ်ယူမှုမှာ မြန်မာက  ရုရှားကို ကျော်တက်ပြီး နံပါတ် ၂ နေရာ ရောက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေက နံပါတ်တစ် ဝယ်လက်အဖြစ် ဆက်ရှိနေပြီး အရင်က ရုရှားနိုင်ငံသားတွေက နံပါတ် ၂ နေရာမှာ နှစ်အတန်ကြာ ရှိနေခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ၂၀၂၂ ကမှ ကွန်ဒိုဝယ်ယူမှုမှာ အရေအတွက်နဲ့ တန်ဖိုးအရ ထိပ်တန်း ၁၀ နိုင်ငံစာရင်း စဝင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ တုန်းက အရေအတွက်အရ နံပါတ် ၆ နေရာ၊ တန်ဖိုးအရ နံပါတ် ၃ နေရာမှာ ရှိခဲ့တာပါ။ ၂၀၂၃ မှာတော့ နှစ်မျိုးစလုံးမှာ နံပါတ် ၄ နေရာ ရောက်လာခဲ့ပြီး ၂၀၂၄ နှစ်ဦးပိုင်းမှာတော့ နံပါတ် ၂ ဖြစ်လာခဲ့တာပါ။

၂၀၂၄ ပထမသုံးလပတ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံခြားသားတွေ လက်ပြောင်းရယူခဲ့တဲ့ ကွန်ဒိုအရေအတွက်နဲ့ တန်ဖိုး နှစ်အလိုက် နှိုင်းယှဉ်မှုမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၅ ဒသမ ၂ ရာခိုင်နှုန်းစီ တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ကိန်းဂဏန်းအားဖြင့် ယူနစ် ၃,၈၃၈ လုံးနဲ့ တန်ဖိုး ဘတ် ၁၈ ဘီလီယံ ဖြစ်ပါတယ်။

ပြည်တွင်းဝယ်လိုအားကတော့ သိသိသာသာ ကျနေပြီး နိုင်ငံခြားဝယ်လိုအားသာ မရှိရင် ကွန်ဒိုဈေးကွက်ဟာ သိသိသာသာ ကျဆင်းနိုင်တယ်လို့ REIC ယာယီညွှန်ကြားရေးမှူးချုပ် ဗီချိုင်း ဗီရတ်ကာပန်က ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013