DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် ကားတိမ်းမှောက်ပြီး နိုင်ငံခြားသား အပါအဝင် ၃ ဦးဒဏ်ရာရ
DVB
·
May 27, 2024
အမြန်လမ်းတွင် ကားတိမ်းမှောက်ပြီး နိုင်ငံခြားသား အပါအဝင် ၃ ဦးဒဏ်ရာရ
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၀/၂)မှာ မေလ ၂၆ ရက် လယ်ပိုင်းက ကားတစီး တိမ်းမှောက်ခဲ့ရာ မလေးရှားနိုင်ငံသား တဦး အပါအဝင် လူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ Soueast အမျိုးအစား ခဲရောင်မော်တော်ယာဉ်ဟာ နေ့လယ် ၁ နာရီအချိန်လောက်က လမ်းပေါ် စလစ်ဖြစ်ကာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဥ်​ကြောကို ရောက်ရှိပြီး တိမ်းမှောက်ခဲ့​တာလို့ ဆိုပါတယ်။

ကားကိုအရှိန်နဲ့ မောင်းလာရင်း စလစ်ဖြစ်သွားကာ ယာဥ်မောင်းက ပွန်းပဲ့ရုံလောက်ပဲဖြစ်ပြီး ကားပေါ်ပါလာတဲ့ မလေးရှားနိုင်ငံသားနဲ့ နောက်ထပ်အမျိုးသား တဦးကတော့ ဦးခေါင်းပေါက်သွားလို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူက DVB ကို ပြောပါတယ်။

သူတို့ကို မြို့ချောင်းဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြို့ချောင်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်း ကိုကျော်ဇေယျကို မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၇၉၊ ၃၃၈ တို့နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

Photo - အမြန်လမ်းမီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013