DVB Logo
Home
မြန်မာသတင်း
ကွမ်းရွက်ဈေး ကျပ် ၂၅,၀၀၀ အထိ ဈေးမြင့်တက်
DVB
·
May 22, 2024
ကွမ်းရွက်ဈေး ကျပ် ၂၅,၀၀၀ အထိ ဈေးမြင့်တက်
Donate to DVB

ရန်ကုန်မှာ ကွမ်းဈေးနှုန်းတွေ တပိဿာကို ကျပ် ၂၅၀၀၀ လောက်အထိ မြင့်တက်လာတယ်လို့ သီရိမင်္ဂလာဈေးမှ ကွမ်းရွက်ရောင်းဝယ်ရေး ဒိုင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်က မိုးသက်လေပြင်းကျပြီး ဧရာဝတီတိုင်းဘက်က ကွမ်းခြံအချို့ ပျက်စီးသွားပြီးတဲ့နောက် ရန်ကုန်ကိုတင်ပို့နေတဲ့ ကွမ်းရွက်ဈေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပြီး ၁၇ ရက်နေ့မတိုင်ခင် ကွမ်းရွက်တပိဿာကို ကျပ် ၁၈,၀၀၀ သာ ရှိခဲ့တယ်လို့ ကွမ်းရွက် အရောင်းဒိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

“ရှေ့လျှောက် မိုးတွင်းဆိုတော့ ရေမြုပ်ပြီး ပျက်စီးတာတွေ ဖြစ်ရင် ဈေးက ဆက်တက်နေဦးမှာပဲ။ ၁၈,၀၀၀ နဲ့ ငြိမ်နေတာကြာပြီ။ အခုက ရာသီဥတုကြောင့် ကွမ်းခင်းတွေပျက်ပြီး ဈေးက တက်လာတာ။”

လက်ရှိမှာ ကွမ်းရွက်ဈေးနှုန်းအပြင် ကွမ်းသီးဈေးနှုန်းကလည်း တည်ငြိမ်မှုမရှိဘဲ ဈေးတက်မယ့် အခြေအနေတွေ ရှိနေသလို ကွမ်းစားဆေး အပါအဝင် ဆက်စပ်ပစ္စည်းဈေးတွေကလည်း ဈေးနှုန်းမြင့်တက်နေတယ်လို့ ကွမ်းရောင်း‌ချနေသူတွေထံက သိရပါတယ်။

ကွမ်းရောင်းနေသူတဦးက “ကွမ်းစားဆေး ဆိုရင်လည်း နိုင်တီတူးတကတ်ကို ၆၀,၀၀၀ လောက်ဖြစ်နေပြီ။ ဒီကြားထဲ ကွမ်းရွက်ဈေးပါ တက်လာတော့ အရာလျှော့ရောင်းနေရတယ်။ ကွမ်းဈေးမတက်ခင်က ၅၀၀ ဖိုးကို ၁၀ ရာလောက် ပေးနိုင်ပေမဲ့ အခုက ၅၀၀ ဖိုးကို ၈ ရာပဲ ပေးနိုင်တော့တယ်” လို့ ပြောပါတယ်။

အာဏမသိမ်းခင် ၂၀၂၀ ပြည့်နှစ်ကဆိုရင် ကွမ်းရွက်တပိဿာဈေးဟာ ကျပ် ၄,၀၀၀ ကနေ ၅,၀၀၀ သာရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တပိဿာ ကျပ် ၆,၀၀၀ ကနေ ကျပ် ၁၁,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကာ အခုနှစ်အထိ တပိဿာကို ၁၈,၀၀၀ အထိ ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013