DVB Logo
Home
နိုင်ငံတကာ
ChatGPT AI ၏ အသံမှာ စကားလက်ဂျိုဟန်ဆင် အသံနှင့် ဆင်တူနေသဖြင့် ကန့်ကွက်
DVB
·
May 22, 2024
ChatGPT AI ၏ အသံမှာ စကားလက်ဂျိုဟန်ဆင် အသံနှင့် ဆင်တူနေသဖြင့် ကန့်ကွက်
Donate to DVB

OpenAI ကုမ္ပဏီရဲ့ ChatGPT မှာ ပါဝင်လာတဲ့ အသံတခုဟာ အသံသရုပ်ဆောင်ပေးဖို့ ငြင်းဆိုထားတဲ့ ရုပ်ရှင်မင်းသမီး စကားလက်ဂျိုဟန်ဆင်ရဲ့ အသံနဲ့ အရမ်းကို ဆင်တူနေတဲ့အတွက် ကန့်ကွက်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Sky လို့ အမည်ပေးထားတဲ့ အသံဟာ သူ့အသံနဲ့ ချောက်ချားစရာ ကောင်းလောက်အောင် တူညီနေတယ်လို့ ဂျိုဟန်ဆင်က ထုတ်ပြန်ခဲ့ပါတယ်။

ရုပ်ရှင်မင်းသမီးဘက်က ကန့်ကွက်ခဲ့အပြီးမှာတော့ OpenAI က အဲဒီအသံကို ပြန်ဖြုတ်ချသွားပါတယ်။

ဒါပေမဲ့ ဒီအသံဟာ ဂျိုဟန်ဆင်ကို တုပထားတာမဟုတ်ဘဲ တခြား ပရော်ဖက်ရှင်နယ် သရုပ်ဆောင် အမျိုးသမီးတယောက်ရဲ့အသံသာ ဖြစ်တယ်လို့ OpenAI စီအီးအိုက ချေပခဲ့ပါတယ်။

ဒါပေမဲ့ မစ္စဂျိုဟန်ဆင်ကို လေးစားတဲ့အနေနဲ့ ဒီအသံ အသုံးပြုမှုကို ရပ်ပေးထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ChatGPT မှာ အသံသရုပ်ဆောင်ပေးဖို့ OpenAI စီအီးအိုက ကမ်းလှမ်းခဲ့ပေမဲ့ သူ့ဘက်က ပယ်ချခဲ့တာဖြစ်တယ်လို့ စကားလက်ဂျိုဟန်ဆင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒီလိုငြင်းခဲ့ပေမဲ့ ၉ လကြာတော့ Sky လို့ခေါ်တဲ့ နောက်ဆုံးထွက်စနစ်ရဲ့ အသံက ကျမအသံနဲ့ အရမ်းဆင်နေတာ မိတ်ဆွေတွေရော၊ မိသားစုရော၊ အများပြည်သူပါ သတိပြုမိပါတယ်” လို့ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013