DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ကန်းဆပ်ပြည်နယ်၌ လေဆင်နှာမောင်းနှင့် ဖုန်မုန်တိုင်း တိုက်ခတ်
DVB
·
May 21, 2024
အမေရိကန် ကန်းဆပ်ပြည်နယ်၌ လေဆင်နှာမောင်းနှင့် ဖုန်မုန်တိုင်း တိုက်ခတ်
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ ကုန်းပိတ်ပြည်နယ် ကန်းဆတ်ကို မေ ၁၉ ရက်က ပြင်းထန်တဲ့ လေမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပါတယ်။

မိုးသည်းပြီး လေပြင်းတွေတိုက်ခတ်ရုံသာမက လေဆင်နှာမောင်းနဲ့ ဖုန်မှုန့်မုန်တိုင်းတွေပါ တိုက်ခတ်လာခဲ့တာပါ။

မျက်မြင်သက်သေက တနင်္ဂနွေနေ့က ရိုက်ကူးခဲ့တဲ့ ဗီဒီယိုထဲမှာ ကန်းဆတ်ပြည်နယ် ဂရိတ်ဘန်းမြို့က လူနေရပ်ကွက်တခုမှာ  ကြီးမားသော ဖုန်မှုန့်မုန်တိုင်းတခု ကောင်းကင်ယံမှာ ဖုံးလွှမ်းထားတာကို ပြထားပါတယ်။

ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် ကန်းဆတ်ပြည်နယ်မှာ လေဆင်နှာမောင်း အများအပြား ဖြစ်ပေါ်ခဲ့တယ်လို့ အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။

မေလ ၂၀ ရက်၊ ဒေသစံတော်ချိန် ညသန်းခေါင်ယံမှာ အိမ်ခြေ ၄၅,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ Power outage.us ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

မေလ ၂၁ ရက်အထိ မုန်တိုင်းတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အလားအလာ ကျန်ရှိနေသေးတယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013