DVB Logo
Home
နိုင်ငံတကာ
ချီလီတွင် ရောဂါသည်သားဖြစ်သူ၏ ဆေးကုသစရိတ်အတွက် မိခင်က မိုင်ရာချီလမ်းလျှောက် ရန်ပုံငွေရှာ
DVB
·
May 18, 2024
ချီလီတွင် ရောဂါသည်သားဖြစ်သူ၏ ဆေးကုသစရိတ်အတွက် မိခင်က မိုင်ရာချီလမ်းလျှောက် ရန်ပုံငွေရှာ
Donate to DVB

ချီလီနိုင်ငံမှာ ရောဂါသည်သားဖြစ်သူရဲ့ ဆေးကုသစရိတ် ဒေါ်လာ ၃ ဒသမ ၉ သန်း ကုန်ကျမယ့် ရှားပါးရောဂါအတွက် မိခင်ဖြစ်သူဟာ သူ့ဇာတိကနေ မြို့တော်အထိ မိုင်ရာချီ လမ်းလျှောက်ပြီး ရန်ပုံငွေရှာဖွေနေပါတယ်။

ကမီလာ ဂိုးမက်ဇ်ဟာ ချီလီနိုင်ငံတောင်ပိုင်း မွေးရပ်မြေချီလိုကျွန်းကနေ ဧပြီ ၂၈ ရက်က စပြီး မြို့တော် ဆန်တီယေဂိုကို လမ်းလျှောက်ချီတက်ခဲ့တာဖြစ်ပါတယ်။

ဂိုးမက်ဇ်ဟာ မြို့တော်မှာရှိတဲ့  လာမိုနေဒါ အစိုးရအိမ်တော်အထိရောက်အောင် လမ်းလျှောက်နေတာဖြစ်ပြီး အခုဆိုရင် ကီလိုမီတာ ၆၀၀ ကျော် ခရီးပေါက်ခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့သားဖြစ်သူဟာ ဒူရှန်းကြွက်သားချို့ယွင်းမှုရောဂါ (DMD) နဲ့ ၂၀၂၃ ခုနှစ်ကတည်းက ကုသမှုခံနေရတာဖြစ်ပါတယ်။

DMD ရောဂါဟာ မကုသရင် ကလေးတွေရဲ့ ကြွက်သားခွန်အားတွေ ဆုံးရှုံးသွားပြီး နောက်ဆုံး နှလုံးနဲ့ အသက်ရှူလမ်းကြောင်းကြွက်သားတွေအထိ ရောက်ပြီး အသက်ပါဆုံးရှုံးရနိုင်ပါတယ်။

DMD ကိုကုသနိုင်တဲ့ တခုတည်းသောနည်းက အယ်လီဗစ်ဒစ်လို့ ခေါ်တဲ့ ပထမဆုံးမျိုးဗီဇကုထုံး ဖြစ်တယ်လို့ အမေရိကန်အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) က အတည်ပြုပေးထားပါတယ်။

ဒီကုထုံးဟာ ချီလီနိုင်ငံမှာ မရနိုင်ဘဲ အမေရိကန်မှာပဲရနိုင်ပါတယ်။ ပြီးတော့ လူနာ ၄ နှစ် အရွယ်ကနေ ၅ နှစ်အရွယ်ကြားမှာကုမှ အဆင်ပြေမှာဖြစ်တဲ့အတွက် ကုသစရိတ်အရေးတကြီး လိုအပ်နေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လူတယောက်ကို ပီဆိုငွေ ၃,၅၀၀ (၃ ဒသမ ၉ ဒေါ်လာ) လှူဒါန်းရင် လူ တသန်းပြည့်တဲ့အခါ ဆေးဖိုးရပြီလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဂိုးမက်ဇ်ရဲ့ စိတ်ပိုင်းဖြတ်မှုကို ချီလီပြည်သူတွေကလည်း ဝန်းရံပေးခဲ့ပြီး အခုဆိုရင် ရန်ပုံငွေ ၇၀ ရာခိုင်နှုန်းလောက်အထိ ရထားပြီဖြစ်ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013