DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်က အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းပွဲနှင့် ကောလိပ်ဖွင့်ပွဲ (Photo News)
DVB
·
May 18, 2024
ကရင်နီပြည်က အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းပွဲနှင့် ကောလိပ်ဖွင့်ပွဲ (Photo News)
1 / 11
Donate to DVB

ကရင်နီပြည်မှာ အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းရဲ့အပတ်စဉ် ၃ သင်တန်းဆင်းပွဲနဲ့ ကျောင်းကို ကောလိပ်အဖြစ်ပြောင်းလဲဖွင့်လှစ်ပွဲကို ကရင်နီပြည် တနေရာမှာ မေ ၁၇ ရက်က ကျင်းပပါတယ်။

ကရင်နီမှာ အခြေစိုက်ပြီး စစ်ဘေးရှောင်ကူညီတာနဲ့ ရှေ့တန်းကယ်ဆယ်ရေးတွေ ပြုလုပ်နေတဲ့ နွေဉီးဂုရုလေးများအဖွဲ့ရဲ့ ပညာရေးကဏ္ဍခွဲဖြစ်တဲ့ Nway Oo Guru Lay Myar's learning Center ကနေ သင်ကြားပေးနေတာပါ။

သင်တန်းဆင်းပွဲနဲ့ ကောလိပ်ဖွင့်ပွဲကို ကရင်နီဒေသတွင်းက ပညာရေးမိတ်ဖက်အဖွဲ့တွေနဲ့ ဒေသတွင်းမိတ်ဖက်အဖွဲ့တွေ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ကျောင်းသူ ကျောင်းသားတွေက ကရင်နီရိုးရာအကတွေ၊ တေးသီချင်းတွေနဲ့ဖျော်ဖြေသလို သင်တန်းတွင်းမှာ ထုတ်လုပ်ခဲ့ကြတဲ့ ရိုးရာ ရက်ကန်းအထည်တွေ၊ လွယ်အိတ်တွေ ချိတ်ဆွဲပြသခဲ့ပါတယ်။

သင်တန်းဆင်း ကျောင်းသူတယောက်က “သင်တန်းကတော့ ၃ လတာ ဖြစ်ပါတယ်။ ကျမကတော့ ရက်ကန်းကို အဓိကသင်ယူခဲ့ပါတယ်။ တခြားလည်း ကွန်ပျူတာ အင်္ဂလိပ်စာလို ဘာသာရပ်တွေလည်း သင်ကြားခဲ့ရတယ်။ ဒီကတော့ လောလောဆယ် စစ်ရှောင်မှာ ပြန်ပြီးတော့ အရင်လိုပဲ စေတနာ့ဝန်ထမ်း ဆရာမပြန်လုပ်မှာပါ။ ဒီကျောင်းက ကောလိပ်ပြန်ခေါ်ရင် ပြန်လျှောက်မယ် စဉ်းစားထားပါတယ်” လို့ ပြောပါတယ်။

သင်တန်းမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ကရင်နီစာပေ၊ ရက်ကန်း၊ စက်ချုပ်၊ စက်ပြင် အပါအဝင် ရပ်ရွာအကျိုးပြုလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတွေပါ သင်ကြားပေးခဲ့ပြီး သင်တန်းသား အယောက် ၃၀ တက်ရောက်ခဲ့ကြပါတယ်။

ကောလိပ်ပညာရေးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပေမဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းက ဆက်လက်ရှိနေမှာဖြစ်ပြီး စစ်ဒဏ်သင့်ဒေသတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်က အရေးပါတာကြောင့် ကျောင်းမတက်ရသူတွေ ပညာသင်ခွင့်ဆုံးရှုံးခဲ့သူတွေကို အဓိကရည်ရွယ်တာလို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ - DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013