DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း စက်ရုံအချို့ လုပ်ခတိုးမြှင့်ပြီး လုပ်သားခေါ်ယူစုဆောင်း
DVB
·
May 6, 2024
ပြည်တွင်း စက်ရုံအချို့ လုပ်ခတိုးမြှင့်ပြီး လုပ်သားခေါ်ယူစုဆောင်း
Donate to DVB

မြန်မာပြည်တွင်းရှိ စက်ရုံတချို့အနေနဲ့ လုပ်သားလိုအပ်ချက်အရ လုပ်ခလစာနှုန်းထားကို တိုးမြှင့်ပေးပြီး လုပ်သားခေါ်ယူစုဆောင်းတာတွေ ရှိလာနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

မြန်မာနိုင်ငံရဲ့ တရားဝင် သတ်မှတ်ထားတဲ့ လက်ရှိ အနည်းဆုံးလုပ်ခဟာ တရက် ၄,၈၀၀ ကျပ်နဲ့ ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ဖြစ်ပြီး စက်ရုံတချို့အနေနဲ့ အဲဒီနှုန်းထက် ပိုပေးလာတာလို့ ဆိုပါတယ်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံလုပ်သားတဦးက “ရုံအသစ်တွေ၊ ထပ်တိုးဖွင့်တဲ့ရုံတွေ တော်တော်များများက လုပ်သားအမြန်ရအောင် လုပ်ခတိုးပေးလာတာ။ လုပ်ခတိုးပေးတဲ့ရုံကို ပြောင်းကြတဲ့သူတွေလည်းများတယ်” လို့ ပြောပါတယ်။ 

အဲဒီစက်ရုံတွေအနေနဲ့ တရက်လုပ်ခ ကျပ် ၇,၂၀၀ အထိ သတ်မှတ်ပေးလာတာရှိသလို တချို့စက်ရုံတွေက ထောက်ပံ့ကြေးမထားဘဲ ဒေးကြေးအနေနဲ့ ၅,၈၀၀ ကျပ်ကနေ ကျပ် ၆,၀၀၀ နဲ့အထက် သတ်မှတ်ပေးလာတာရှိတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

“ထောက်ပံ့ကြေးခေါင်းစဥ်မဟုတ်တော့ဘဲ ဒေးကြေးအနေနဲ့ ခြုံသတ်မှတ်လိုက်တော့ အချိန်ပိုကြေးတွက်တဲ့အခါ ပိုများသွားတာပေါ့။ ရုံဟောင်းတွေကတော့ လုပ်ခတိုးပေးတာရှားတယ်။ ရုံအသစ်တွေက အပြိုင်တိုးပေးလာတာတွေ့ရတယ်” လို့ ပြည်တွင်းအလုပ်သမားအရေးကူညီနေသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တရက်လုပ်ခ ၄,၈၀၀ ကျပ် သတ်မှတ်ထားတာဟာ ၆ နှစ်နီးပါးကြာနေပြီး နှုန်းထားတိုးမြှင့်သတ်မှတ်ပေးဖို့ အခုချိန်အထိ ပျက်ကွက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက တရက်လုပ်ခ ၄,၈၀၀ ကျပ်ကို တိုးမပေးဘဲ ထောက်ပံ့ကြေး ခေါင်းစဥ်နဲ့ တရက် ၁၀၀၀ ကျပ်ထပ်ဆောင်းပေးဖို့ ကြေညာပြီး ချွေးသိပ်ခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေကတော့ တရက်လုပ်ခ အနည်းဆုံးအခကြေးငွေ နှုန်းထားကို တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးဖို့ အစဥ်တစိုက် တောင်းဆိုထားပါတယ်။

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က တရက်လုပ်ခ ကျပ် ၁၀,၀၀၀ တိုးမြှင့်ရရှိရေး မေဒေးနေ့ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

ပြည်တွင်းစက်ရုံလုပ်ငန်းရှင်တချို့က နိုင်ငံတော်က လုပ်ခနှုန်းထား ပြင်ဆင်သတ်မှတ်မယ်ဆိုရင် သတ်မှတ်တဲ့ နှုန်းအတိုင်း ပေးသွားမယ်ဆိုပြီး အကြောင်းပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013