DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် လုပ်ငန်းရှင်အမျိုးသမီး ၂ ဦးကို PDF ထောက်ပံ့မှုဖြင့် စွပ်စွဲ ဖမ်းဆီး
DVB
·
May 3, 2024
ဟင်္သာတတွင် လုပ်ငန်းရှင်အမျိုးသမီး ၂ ဦးကို PDF ထောက်ပံ့မှုဖြင့် စွပ်စွဲ ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်က PDF တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ဦးဟာ ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်က စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင် အသက် ၄၀ ကျော်အရွယ် ဒေါ်မိသင်းနဲ့ ပိတောက်ရွှေဝါလမ်းက စားသောက်ဆိုင်ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် မဖြူဖြူကျော်တို့ဖြစ်ပါတယ်။

သူတို့ကို ဧပြီ ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာ ဖမ်းဆီးခံရပြီး မေ ၁ ရက်က အကြမ်းဖက်တိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၀(ဃ) နဲ့ အမှုဖွင့်ထားကာ ဆက်လက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

ဟင်္သာမြို့ခံတဦးက “PDF တွေကို ထောက်ပံ့နေတယ်ဆိုပြီး ဖမ်းသွားတာ။ ဖမ်းဆီးခံရတဲ့သူ ၂ ယောက်ကို ဟင်္သာတမြို့နယ် ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရတာ။ အဖမ်းခံရသူ ၂ ယောက်လုံးက မိန်းကလေးတွေဆိုတော့ စိတ်ပူတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “စစ်ကောင်စီဘက်ကတော့ တာဝန်သိ ပြည်သူတွေက လာတိုင်လို့ ဖမ်းတာလို့ ပြောတာပဲ။ အဖမ်းခံရသူ ၂ ယောက်က စားသောက်ကုန် ရောင်းဝယ်ရေး လုပ်ငန်းရှင်နဲ့ စားသောက်ဆိုင်ရှင်တွေပါ” လို့ ပြောပါတယ်။

ဒါ့အပြင် ဟင်္သာတမြို့နယ်၊ မဲဇလီကုန်းလမ်းက ရွှေဆိုင်ပိုင်ရှင်တဦးကိုလည်း ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်မှာ စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးတဲ့အခါ လူမတွေ့တာကြောင့် အိမ်ထဲက ငွေကျပ်သိန်း ၅၀၀ ထက်မနည်းနဲ့ ရွှေထည်ပစ္စည်း (ကာလတန်ဖိုးငွေ ကျပ်သိန်း ၁၀၀၀ ခန့်) ကို သိမ်းဆည်း ယူဆောင်သွားပါတယ်။

Photo - Myo Tu

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013